ဧရာဝတီတိုင်းမ်
ဩဂုတ် ၈ ရက်
ထိုင်းဝန်ကြီးချုပ် အနုတင်ချန်ဗီရာကူးလ်နဲ့ ရွေးတုသမ္မတ မင်းအောင်လှိုင်တို့ ဘန်ကောက်မှာ တွေ့ဆုံခဲ့ပြီးနောက် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ထဲ ပြန်လည်ပါဝင်လာရေး ကူညီပေးမယ်လို့ ထိုင်းက အ တည်ပြုလိုက်ပါတယ်။
ဒါဟာ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း မင်းအောင်လှိုင်ရဲ့ ပထမဆုံး ထိုင်းနိုင်ငံ တရားဝင်ခရီးစဉ် ဖြစ်ပြီး အနုတင်က ကောဇော်နီခင်း ကြိုဆိုခဲ့သလို ပါလီမန်ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံတာ၊ စီးပွားရေးဖိုရမ်မှာ စ ကားပြောတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်ချက်အရ အာဆီယံလုပ်ငန်းစဉ်တွေမှာ မြန်မာနိုင်ငံ တန်းတူပြန်လည်ပါ ဝင်နိုင်ရေး ထိုင်းက ကူညီသွားမှာဖြစ်ပြီး လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ဆွေးနွေးမှုတွေကို ပိုမိုတိုးမြှင့်သွားမယ်လို့ ဖော်ပြပါတယ်။

ထိုင်းရောက် မြန်မာလုပ်သားအရေး၊ မြေရှားသတ္တုတူးဖော်မှုကြောင့် မြစ်ချောင်းညစ်ညမ်းမှုဆိုင် ရာ ပူးတွဲလုပ်ငန်းအဖွဲ့ဖွဲ့စည်းရေးနဲ့ မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတား ပြန်ဖွင့်ရေးအပါ အဝင် သဘောတူညီချက် ၃ ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
အာဆီယံက မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေကို ၅ နှစ်နီးပါး ထိပ်သီးအစည်းအဝေးတွေ တက်ရောက် ခွင့် ပိတ်ပင်ထားပေမဲ့ ထိုင်းနိုင်ငံက နယ်စပ်လုံခြုံရေးနဲ့ ဖြတ်ကျော်မှုခင်းတွေ ဖြေရှင်းဖို့ စစ်အုပ်စုနဲ့ ထိ တွေ့ဆက်ဆံရမယ်ဆိုတဲ့ မူဝါဒကို ကျင့်သုံးနေတာပါ။
မင်းအောင်လှိုင်က အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ပေမဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ စစ်အုပ်စုရဲ့ သေနတ်ပြောင်းဝအောက်မှာ မြန်မာပြည်သူ တွေ ဖိနှိပ်ခံနေရတုန်းပဲလို့ ဝေဖန်နေပါတယ်။

ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ဒါဟာ မြန်မာစစ်အုပ်စုကို တရားဝင်မှုပေးတာ မဟုတ် ဘဲ နယ်စပ်မှာ လက်တွေ့ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ သြဇာအာဏာရှိသူတွေနဲ့ ဆွေးနွေး တာလို့ တုံ့ပြန်ထားပါတယ်။
စစ်အုပ်စု ထောက်ခံသူတွေက ဘန်ကောက်မှာ ကောဇော်နီခင်းပြီး ကြိုဆိုခံရတာကို နိုင်ငံတကာ သံတမန်ရေးအရ တရားဝင်မှုရရှိလာတာလို့ ပြောဆိုနေပါတယ်။
မင်းအောင်လှိုင်က အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ဟာ အဖွဲ့ဝင် နိုင်ငံအားလုံးရဲ့ ဘုံသ ဘောထားမဟုတ်ဘူးလို့ ငြင်းဆိုထားပြီး လွှတ်တော်ကလည်း ဒါဟာ ပြည်တွင်းရေးဝင်စွက်ဖက်တာလို့ ပယ်ချထားပါတယ်။
ထိုင်းရဲ့ အပြုသဘောဆောင် ထိတွေ့ဆက်ဆံမှုမူဝါဒက မြန်မာ့ပဋိပက္ခကို ငြိမ်းချမ်းသွားစေမ လား သို့မဟုတ် စစ်အုပ်စုအတွက် ထွက်ပေါက်တစ်ခုပဲ ဖြစ်သွားမလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါ တယ်။
ကိုးကား – The Diplomat
Ref; Thailand Pledges to Work Towards Myanmar’s Full Reintegration With ASEAN