ဧရာဝတီတိုင်းမ်
ဩဂုတ် ၁ ရက်

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်အဖွဲ့ဟာ လက်နက် ဖျက်သိမ်းဖို့ သဘောတူခဲ့တယ်လို့ ပြောပါတယ်။

 

ဟားမတ်စ်အဖွဲ့က အဓိကလိုလားချက်အနေနဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေနဲ့ သတ်ဖြတ်မှုအားလုံး ကို ချက်ချင်း ရပ်တန့်ပေးရမယ်လို့ တုံ့ပြန်ထားပါတယ်။

 

ဒေါ်နယ်ထရမ့်က ဂါဇာဒေသ အကူးအပြောင်းကာလ အုပ်ချုပ်ရေးအတွက် သူကိုယ်တိုင် ဖွဲ့စည်း ထားတဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့နဲ့ ဟားမတ်စ်အဖွဲ့ကြား ဒီသဘောတူညီချက်ရရှိခဲ့တာလို့ သူ့ရဲ့ လူမှုကွန် ရက်မှာ ရေးသားခဲ့ပါတယ်။

 

အဆိုပါဘုတ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ဟားမတ်စ်အဖွဲ့ဟာ အဆင့်ဆင့် လက်နက်ဖျက်သိမ်းရေး လမ်းပြမြေပုံကို လိုက်နာဖို့ သဘောတူခဲ့တာလို့ အတည်ပြုထားပါတယ်။

 

ဟားမတ်စ်အဖွဲ့က အစ္စရေးအနေနဲ့ ရန်လိုတဲ့ တိုက်ခိုက်မှုပုံစံအားလုံးကို ရပ်တန့်ပြီး ဂါဇာဒေသမှ တပ်ဖွဲ့ဝင်တွေ အပြီးသတ် ရုပ်သိမ်းပေးရမယ်လို့ သောကြာနေ့မှာ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါ တယ်။

 

ဒေါ်နယ်ထရမ့်က သတင်းထောက်တွေကို ပြောကြားရာမှာ ဒီသဘောတူညီချက်နဲ့ ပတ်သက်လို့ အစ္စရေးက အလွန်ဝမ်းမြောက်နေတယ်လို့ ဆိုပါတယ်။

 

ဟားမတ်စ်အဖွဲ့ကို လက်နက်ဖျက်သိမ်းဖို့ဆိုတာ ဘယ်သူမှ မဖြစ်နိုင်ဘူးလို့ ထင်မှတ်ခဲ့ကြတဲ့ အဓိ က အပြောင်းအလဲကြီးတစ်ခု ဖြစ်တယ်လို့လည်း ဒေါ်နယ်ထရမ့်က ဆိုပါတယ်။

 

ဒီလိုရလဒ်ထွက်ပေါ်လာတာဟာ အီရန်အပေါ် ထိရောက်စွာ ကိုင်တွယ်နိုင်ခဲ့တာကြောင့်ဖြစ်ပြီး လွန်ခဲ့တဲ့ လအနည်းငယ်ကဆိုရင် ဒီလိုသဘောတူညီချက်ရဖို့ လုံးဝ မဖြစ်နိုင်ကြောင်း သူက ဖြည့်စွက် ပြောပါတယ်။

 

ဒီကိစ္စနဲ့ ပတ်သက်လို့ အစ္စရေးအစိုးရဘက်က တရားဝင် သဘောထား ထုတ်ပြန်ခြင်း မရှိသေးပါ ဘူး။

 

အစ္စရေး အကြီးတန်းအရာရှိတစ်ဦးရဲ့ ပြောကြားချက်အရ ဟားမတ်စ်အဖွဲ့က လက်နက်မဖျက် သိမ်းသရွေ့ အစ္စရေးတပ်ဖွဲ့တွေ ဆုတ်ခွာမှာမဟုတ်ဘူးလို့ သတင်းမီဒီယာအချို့မှာ ဖော်ပြထားပါတယ်။

 

ကိုးကား – NHK
Ref; Hamas: No disarmament without Israeli withdrawal from Gaza Strip