ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၁ ရက်

ဂါဇာစစ်ပွဲကြောင့် ပင်လယ်နီဒေသမှာ ကုန်သွယ်ရေး ရေလမ်းကြောင်းတွေ ခြိမ်းခြောက်ခံနေရ တာကို ကာကွယ်ဖို့ ဆော်ဒီအာရေးဗီးယားနိုင်ငံက ဦးဆောင်ပြီး နိုင်ငံပေါင်းစုံ ရေတပ်မဟာမိတ်အဖွဲ့သစ် တစ်ခု ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။

အဆိုပါအဖွဲ့ဟာ ဗာဘယ်လ်မန်ဒက်ရေလက်ကြား၊ အေဒင်ပင်လယ်ကွေ့နဲ့ ပတ်ဝန်းကျင် ရေပြင် တွေအတွင်း သင်္ဘောသွားလာရေးနဲ့ စွမ်းအင်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကို လုံခြုံရေးယူပေး သွားမှာပါ။

ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မဟာမိတ်အဖွဲ့ ဖွဲ့စည်းဖို့ နိုင်ငံပေါင်း ၄၃ နိုင်ငံနဲ့ ဥရောပသမဂ္ဂတို့ အစည်းအဝေး ပြုလုပ်ခဲ့ပြီး မဟာမိတ်အဖွဲ့ဌာနချုပ်ကို ဆော်ဒီမှာ အခြေစိုက်သွား မှာ ဖြစ်ပါတယ်။

တူရကီ၊ ပါကစ္စတန်၊ အီဂျစ်၊ ကာတာနဲ့ ဂျော်ဒန် အပါအဝင် ၁၄ နိုင်ငံက ဒီအစီအစဉ်ကို ထောက် ခံကြောင်း ပူးတွဲကြေညာထားပြီး အခြားနိုင်ငံတွေလည်း ထပ်မံပါဝင်လာဖို့ ရှိနေပါတယ်။

ဒီလို ရေတပ်မဟာမိတ်ဖွဲ့ရတာဟာ အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်တွေရဲ့ ပင်လယ် နီအတွင်း သင်္ဘောတွေကို တိုက်ခိုက်မှုတွေ မြင့်တက်လာခဲ့ပြီးနောက် ပေါ်ပေါက်လာတာပါ။

ဟူသီအဖွဲ့က ဆော်ဒီနိုင်ငံကို ရေကြောင်းပိတ်ဆို့မှု ပြုလုပ်မယ်လို့ ကြေညာခဲ့သလို ဆော်ဒီနဲ့ ဆက်စပ်နေတဲ့ ကုန်သင်္ဘောတွေကို တိုက်ခိုက်ခဲ့လို့ ဆော်ဒီကလည်း လက်တုံ့ပြန်စစ်ဆင်ရေးတွေ ပြုလုပ် ခဲ့ပါတယ်။

ဗာဘယ်လ်မန်ဒက်ရေလက်ကြားဟာ ကမ္ဘာ့ကုန်သွယ်ရေး ရေကြောင်းပို့ဆောင်မှုရဲ့ ၁၅ ရာခိုင် နှုန်းခန့် ဖြတ်သန်းရာနေရာဖြစ်လို့ ဒီရေလမ်းကြောင်းထိခိုက်ရင် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းတွေကိုပါ ရိုက်ခတ် မှုရှိနိုင်ပါတယ်။

အမေရိကန်နဲ့ အီရန်တို့ကြား စစ်ရေးတင်းမာမှုတွေ အရှိန်မြှင့်လာပြီး အမေရိကန်က အီရန်တော် လှန်ရေးအစောင့်တပ်ရဲ့ ပစ်မှတ်တွေကို လေကြောင်းကနေ ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။

အီဂျစ်နိုင်ငံ ဒါမီယက်တာဆိပ်ကမ်းမှာ ဒရုန်းတိုက်ခိုက်မှုကြောင့် သဘာဝဓာတ်ငွေ့တင် သင်္ဘော နှစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

ကိုးကား – India Today
Ref; Saudi Arabia establishes maritime coalition backed by 13 nations to secure Red Sea