ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၈ ရက်

 

အမေရိကန်က တိုက်ခိုက်မှုတွေ ရပ်ဆိုင်းထားသမျှ အီရန်ကလည်း တုံ့ပြန်တိုက်ခိုက်တာတွေကို ရပ်တန့်ထားမယ်လို့ အီရန် ထိပ်တန်းအရာရှိတစ်ဦးက ဇူလိုင် ၂၆ ရက်မှာ ပြောကြားလိုက်ပါတယ်။

 

ဒီပြောကြားချက်ဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကြံပေးတွေက တိုက်ခိုက်စရာ ပစ်မှတ်တွေ ကုန် သလောက်ဖြစ်နေပြီဖြစ်ကြောင်း၊ အမေရိကန်ရဲ့ လက်နက်အရန်အင်အား နည်းပါးသွားမှာကို စိုးရိမ် ကြောင်း တင်ပြခဲ့ပြီးနောက် အမေရိကန်က ဗုံးကြဲတိုက်ခိုက်မှုတွေကို ခေတ္တရပ်ဆိုင်းလိုက်ချိန်မှာ ထွက် ပေါ်လာတာပါ။

 

အီရန်အပေါ် ၁၃ ညတိုင်တိုင် အမေရိကန်ရဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပြီးမှာ ပင်တဂွန် စစ်ဌာနချုပ်ဟာ သောကြာနေ့နှောင်းပိုင်းမှာ တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။

အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေရှိခဲ့တဲ့ ညတိုင်းမှာ အမေရိကန်စခန်းတွေ အခြေစိုက်ရာ အိမ်နီးချင်း နိုင်ငံတွေကို ပြန်လည်တိုက်ခိုက်ခဲ့တဲ့ အီရန်က လက်ရှိမှာ ၂ ရက်ဆက်တိုက် တိုက်ခိုက်မှုတွေကို ရပ်ဆိုင်း ထားပါတယ်။

 

အမည်မဖော်လိုတဲ့ အီရန်အရာရှိက အီရန်ရဲ့ ရပ်တည်ချက်ဟာ တိုက်ခိုက်ခံရရင် ပြန်တိုက်မှာဖြစ် ကြောင်း၊ တိုက်ခိုက်မှုတွေ ရပ်သွားရင် အီရန်ကလည်း စစ်ဆင်ရေးတွေကို ရပ်တန့်မှာဖြစ်ပြီး ဒီသတင်းစ ကားကို အမေရိကန်ထံ အကြောင်းကြားပြီးပြီလို့ ပြောပါတယ်။

 

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ဝေါ့ဇ်က သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ သံတ မန်ရေးအရ ဆွေးနွေးဖို့ အချိန်ပိုပေးတဲ့အနေနဲ့ တိုက်ခိုက်မှုတွေကို ခေတ္တရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ သ တင်းမီဒီယာတွေကို ပြောပါတယ်။

စစ်ရေးအရ အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောသွားလာမှု အန္တရာယ်တွေကို တားဆီး ဖို့ လွန်ခဲ့တဲ့ ၂ သတင်းပတ်အတွင်း ဗုံးကြဲခဲ့တာကြောင့် ကြိုတင်လျာထားတဲ့ ပစ်မှတ်တွေ ကုန်သလောက် ဖြစ်သွားပြီလို့ အမေရိကန် စစ်ဘက်အရာရှိတွေက သတိပေးခဲ့ပါတယ်။

 

စစ်ဆင်ရေးတွေ ပြန်စဖို့ လမ်းဖွင့်ထားပေမဲ့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန် ကိန်းက ခဲယမ်းလက်နက် နည်းပါးသွားနိုင်တဲ့ အကြောင်းတွေရှိကြောင်း သမ္မတ ဒေါ်နယ်ထရမ့်ကို သတိ ပေးခဲ့ပါတယ်။

 

အီရန်ထိပ်တန်းသတင်းရင်းမြစ်က ဒေါ်နယ်ထရမ့်ရဲ့ တိုက်ခိုက်မှု ခေတ္တရပ်ဆိုင်းလိုက်တဲ့ ဆုံးဖြတ် ချက်ဟာ အမေရိကန်ရဲ့ ရပ်တည်ချက် အပြောင်းအလဲတစ်ခုလို့ သိပ်မယုံကြည်ကြောင်း၊ ဒီရပ်ဆိုင်းမှုဟာ စစ်ဗျူဟာအရ ခေတ္တရပ်နားတာမျိုးသာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

 

ကိုးကား – Reuters
Ref; Iran says it will halt strikes as long as US bombing pause holds