ဧရာဝတီတိုင်းမ်
ဇွန်လ ၃၀ ရက်
အနောက်နိုင်ငံတွေရဲ့ လုံခြုံရေးအတွက် ရုရှားက အကြီးမားဆုံး တိုက်ရိုက်ခြိမ်းခြောက်သူအဖြစ် နေတိုး အဖွဲ့က သတ်မှတ်ထားလို့ ဗြိတိန်က ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ထပ်မံ ပံ့ပိုးကူ ညီမယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။
လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ၊ မောင်းသူမဲ့လေယာဉ်တွေ၊ အီလက်ထရောနစ်ပစ္စည်းတွေနဲ့ ယူ ကရိန်းစစ်သည်တွေအတွက် ထောင်နဲ့ချီတဲ့ကိရိယာတွေ အပါအဝင် ဗြိတိန်နိုင်ငံရဲ့ အကူအညီကို ယူကရိန်းနိုင်ငံရဲ့ ကာကွယ်ရေး စွမ်းပကား တိုးမြှင့်ရာမှာ သုံးစွဲမှာဖြစ်ပါတယ်။
“ဗြိတိန်နိုင်ငံက ထောက်ပံ့တဲ့ လက်နက်တွေက ယူကရိန်းရဲ့ ရုရှားကျူးကျော်မှုကို ခုခံကာကွယ်ရာမှုကို ပြောင်းလဲပေးနေပါတယ်။
ယူကရိန်းပြည်သူတွေရဲ့နောက်မှာ ကျွန်တော်တို့ ဆက်လက်ရပ်တည်မှာဖြစ်ပါတယ်” လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။ ဗြိတိန်နိုင်ငံက ယူကရိန်းကို စစ်ရေးအကူအညီ ပေါင် ၁ ဒသမ ၃ ဘီလီယံ ထပ်တိုး ကူညီမှာဖြစ်လို့ ဒီနှစ် အတွင်း ဗြိတိန်နိုင်ငံရဲ့ စုစုပေါင်း စစ်ရေးနဲ့စီးပွားရေး ပံ့ပိုးထောက်ပံ့မှုက ပေါင် ၃ ဒသမ ၈ ဘီလီယံအထိ ရှိလာပြီ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ယူကရိန်းတပ်ဖွဲ့ဝင် ၁၀၀၀၀ ကို လေ့ကျင့်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပြီး နောက်ပိုင်း ဗြိတိန်နိုင်ငံမှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးမှု စတင်လိုက်ပြီဖြစ်ပါတယ်။ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ကို ခေတ်မီတပ်မတော်အဖြစ် လုပ်ဆောင်ပေးမယ့် အစီအစဉ်တွေကို နေ တိုးအဖွဲ့က သဘောတူညီခဲ့သလို ယူကရိန်းပြည်သူတွေနဲ့အတူ ရပ်တည်မယ်လို့ ပြောပါတယ်။
ရုရှားနိုင်ငံရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ခုခံကာကွယ်ရာဖို့ ယူကရိန်းနိုင်ငံက လစဉ် ဒေါ်လာ ၅ ဘီလီယံ လိုအပ်တယ်လို့ စပိန်နိုင်ငံ မက်ဒရစ်မြို့တော်မှာပြုလုပ်တဲ့ နေတိုးအဖွဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ယူကရိန်းသမ္မတ ဇီ လန်စကီးက အွန်လိုင်းကတစ်ဆင့် ပြောကြားခဲ့ပါတယ်။
ကိုးကား – Reuters
Ref; UK to provide another 1 bln pounds of military support to Ukraine