ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၃ ရက်

အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်လိုက်ပြီလို့ ပြောကြားထားပေမယ့် အဆိုပါ ရေ လမ်းကြောင်းဟာ ပွင့်လင်းနေဆဲလို့ အမေရိကန်နိုင်ငံက တုံ့ပြန်လိုက်ပြီး နှစ်ဖက်အပြန်အလှန် တိုက်ခိုက် မှုတွေ ပြန်လည်ပြင်းထန်လာပါတယ်။

အီရန်နိုင်ငံရှိ ပစ်မှတ်ပေါင်း ၁၄၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က ထုတ်ပြန်ခဲ့ပါ တယ်။ ဒါဟာ အီရန်တပ်ဖွဲ့တွေက ရေလက်ကြားကို ဖြတ်သန်းသွားတဲ့ သင်္ဘောတစ်စင်းကို ခွင့်ပြုချက်မရှိ တဲ့ လမ်းကြောင်းသုံးတယ်ဆိုပြီး တိုက်ခိုက်ခဲ့တာကို အမေရိကန်က တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

အီရန်နိုင်ငံဟာ အဆိုပါ ရေကြောင်းလမ်းအပေါ် ၎င်းတို့ရဲ့ ထိန်းချုပ်မှုကို ပြသနိုင်ဖို့ ကြိုးပမ်းနေပြီး တနင်္ဂနွေနေ့အစောပိုင်းမှာ ဟော်မုဇ်ရေလက်ကြားကို နောက်ထပ်အကြောင်းမပြန်မချင်း ပိတ်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ဟာ တနင်္ဂနွေနေ့မှာ ဒေသတွင်းရှိ အမေ ရိကန်စစ်အခြေစိုက်စခန်းတွေနဲ့ မဟာမိတ်နိုင်ငံတွေကို အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ် ရေးတင်းမာမှု အရှိန်အဟုန်ဟာ ပိုမိုမြင့်တက်လာခဲ့ပါတယ်။

အီရန်က ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့သလို အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ကာတာ၊ ကူဝိတ်၊ အိုမန်နဲ့ ဘာရိန်းနိုင်ငံတို့ကလည်း အီရန်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် တွေနဲ့ ဒရုန်းတွေကို တုံ့ပြန်ပစ်ချခဲ့ရတယ်လို့ ဆိုပါတယ်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ ကြားဝင်စေ့စပ်ပေးနေတဲ့ ကာတာနိုင်ငံဟာ ပြီးခဲ့တဲ့ ဧပြီ လကတည်းက တိုက်ခိုက်မခံရတော့တာဖြစ်သလို၊ UAE နိုင်ငံဟာလည်း မေလကတည်းက တိုက်ခိုက်ခံရ မှု မရှိခဲ့ဘဲ အခုမှ ပြန်လည်တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ညနေပိုင်းမှာ အမေရိကန်စစ်ဌာနချုပ် (Centcom) က အီရန်အပေါ် နောက်ထပ်တစ် ကြိမ် စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့ကြောင်း၊ ဒါဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေတဲ့ ကုန်သွယ်ရေး သင်္ဘောတွေအပေါ် အီရန်ရဲ့ တိုက်ခိုက်နိုင်စွမ်းကို လျှော့ချပစ်ဖို့ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အီရန်ရဲ့ IRNA သတင်းဌာနကလည်း အရေးပါတဲ့ IRGC စစ်အခြေစိုက်စခန်းရှိရာ ကက်ရှ်မိုကျွန်း ဘက်ဆီသို့ ရန်သူက ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

အခုလို တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားလာလို့ ရေလက်ကြားကို ပြန်ဖွင့်ဖို့နဲ့ ရေရှည်ငြိမ်းချမ်း ရေးရဖို့ ပြီးခဲ့တဲ့လအတွင်း လက်မှတ်ရေးထိုးထားတဲ့ ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ လည်း ပျက်ပြားမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

ကိုးကား – BBC
Ref; US insists Strait of Hormuz is open as it exchanges strikes with Iran