ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၃ ရက်
တနင်္ဂနွေနေ့ ညနှောင်းပိုင်းက ဘန်ကောက်မြို့ရှိ ဘားတစ်ခုမှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တာ ကြောင့် လူ ၂၇ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့သူတွေ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မီးဟာ ဘားမျက်နှာကြက်အထိ လျင်မြန်စွာ ကူးစက်သွားခဲ့ပြီး မီးခိုးမွန်းကြပ်ခြင်းကြောင့် လူသေ ဆုံးမှုတွေ ဖြစ်ရတာလို့ ဘန်ကောက်မြို့တော်ဝန် ချက်ချတသီသီဖွန်းက သတင်းထောက်တွေကို ပြောပါ တယ်။
မီးလောင်မှုကြောင့် ၂၇ ဦး သေဆုံးပြီး ၆၃ ဦး ဒဏ်ရာတွေနဲ့ ဆေးရုံတင်ထားရကာ ၂၂ ဦးမှာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေကြောင်း၊ လက်ရှိမှာ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ကြောင်း သီသီဖွန်က ဆိုပါတယ်။

သေဆုံးသူ အတော်များများကို မီးဘေးထွက်ပေါက်အနီးမှာ တွေ့ရှိခဲ့ရပြီး အဆိုပါထွက်ပေါက်မှာ ပိတ်ဆို့မှုတွေ ရှိနေခဲ့တာကြောင့် ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက ယူဆနေပါတယ်။
တနင်္လာနေ့ မနက် ၂ နာရီဝန်းကျင်မှာ မီးကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့ က လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။
ဝန်ကြီးချုပ် အနုတင်ချာန်ဗီရာကူးလ်က အခင်းဖြစ်ပွားရာနေရာဆီ လာရောက်ကြည့်ရှုခဲ့ပြီး စင်အ နီးရှိ မိန်းခလုတ်ကနေ မီးခိုးတွေ ထွက်လာပြီးနောက် လျှပ်စစ်မီးပြတ်တောက်သွားကာ ပေါက်ကွဲမှုဖြစ် ပွားခဲ့တာလို့ ဘားမှ တေးဂီတပညာရှင်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရှင်းပြပါတယ်။

မီးလောင်မှုနဲ့ မီးခိုးတွေကြောင့် ထိတ်လန့်တကြားဖြစ်ပြီး သေဆုံးသူအများစုဟာ ဆိုင်ရဲ့အ နောက်ဘက် ထွက်ပေါက်မရှိတဲ့ အိမ်သာတွေဆီ ထွက်ပြေးခဲ့ကြတာ ဖြစ်နိုင်တယ်လို့ အနုတင်က သတင်း ထောက်တွေကို ပြောပါတယ်။
၎င်းက သေဆုံးသူ ၂၇ ဦးရှိကြောင်း ပြောကြားခဲ့ပြီး ဒေသခံရဲတပ်ဖွဲ့ကလည်း အဆိုပါသေဆုံးသူအ ရေအတွက်ကို အတည်ပြုခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ ထိုင်းနိုင်ငံ အရှေ့ပိုင်း ချွန်ဘူရီပြည်နယ်ရှိ Mountain B နိုက်ကလပ် မီးလောင်မှု ကြောင့် လူ ၂၅ ဦး သေဆုံးခဲ့ဖူးပါတယ်။
၂၀၀၉ ခုနှစ် နှစ်သစ်ကူးအကြိုညက ဘန်ကောက်မြို့ Santika ကလပ်မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင် မှုမှာ လူ ၆၇ ဦး သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
ကိုးကား – AFP
Ref; Massive Bangkok pub fire kills at least 27 people, Thai officials say