ဧရာဝတီတိုင်းမ်
ဇူလိုင် ၅ ရက်
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဖုန်းကနေတစ်ဆင့် ဆွေးနွေးခဲ့ပြီး တူရကီနိုင်ငံ အန်ကာရာမြို့မှာ ပြုလုပ်မယ့် နေတိုးထိပ်သီးအစည်းအဝေးမတိုင်မီ ယူကရိန်းအရေး ဆွေးနွေးခဲ့ကြတယ်လို့ ရုရှားသမ္မတရုံးက ထုတ်ပြန်ပါတယ်။
ဇူလိုင် ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ တူရကီမှာပြုလုပ်မယ့် နေတိုးထိပ်သီးအစည်းအဝေးကို ဒေါ်နယ် ထရမ့် တက်ရောက်မယ့်အချက်အပေါ် မူတည်ပြီး ခေါင်းဆောင်နှစ်ဦးဟာ ယူကရိန်းပဋိပက္ခ ဖြေရှင်းရေး ကိစ္စကို အဓိကထား ဆွေးနွေးခဲ့ကြတာလို့ ရုရှားသမ္မတရုံးရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြံပေး ယူရီအူ ရှာကော့ဗ်က ပြောပါတယ်။
မိနစ် ၉၀ နီးပါးကြာမြင့်ခဲ့တဲ့ အဲဒီဖုန်းခေါ်ဆိုမှုအတွင်း ဒေါ်နယ်ထရမ့်က ယူကရိန်းစစ်ပွဲ ဖြေရှင်းနိုင် ရေးအတွက် ကူညီပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ အူရှာကော့ဗ်က ဆိုပါတယ်။

ဒေါ်နယ်ထရမ့်ဟာ လာမယ့်သီတင်းပတ် နေတိုးထိပ်သီးအစည်းအဝေး တက်ရောက်မယ့် အစီအ စဉ်နဲ့ ဆက်စပ်ပြီး အခုလို ကူညီဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ အထူးကိုယ်စားလှယ်တွေဖြစ်တဲ့ စတိဗ်ဝစ်ကော့ဖ်နဲ့ ဂျာရက်ကွတ်ရှ်နာတို့ဟာ စစ်ပြေငြိမ်း ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပြီး မော်စကိုမြို့ကိုလည်း နောက်ထပ်တစ်ခေါက် လာ ရောက်ဖို့ အဆင်သင့်ရှိနေတယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ကြောင်း အူရှာကော့ဗ်က ပြောပါတယ်။
သောကြာနေ့က ရုရှားတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိခဲ့တယ်ဆိုတဲ့ မဟာဗျူဟာမြောက် ကိုစတန်တင် နော့ဗ်ကာမြို့အခြေအနေအပါအဝင် ယူကရိန်းစစ်မြေပြင်ရဲ့ တကယ့်လက်ရှိအခြေအနေကို ပူတင်က ဒေါ် နယ်ထရမ့်ကို ရှင်းလင်းပြောကြားခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ စစ်ဘက်ဆိုင်ရာတာဝန်ရှိသူတွေက ရုရှားရဲ့ ပြောဆိုချက်ကို ငြင်း ဆိုလိုက်ပြီး အဆိုပါအရှေ့ပိုင်းမြို့ကို ယူကရိန်းကပဲ ဆက်လက်ထိန်းချုပ်ထားဆဲလို့ တုံ့ပြန်ခဲ့ပါတယ်။
ကိုးကား – TRT World
Ref; Putin and Trump discuss Ukraine ahead of NATO summit in Ankara