ဧရာဝတီတိုင်းမ်
ဇူလိုင် ၅ ရက်

 

အမေရိကန်နဲ့ သဘောတူညီချက်ရဖို့ အီရန်က အလွန်လိုလားနေပြီး ကွယ်လွန်သွားတဲ့ အီရန် ခေါင်းဆောင်ဟောင်း ခါမေနီရဲ့ ဈာပနအခမ်းအနား ကျင်းပနိုင်အောင် အမေရိကန်က ဆွေးနွေးပွဲတွေကို ခေတ္တရပ်ဆိုင်းပေးထားတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။

 

သောကြာနေ့ညနေပိုင်းက ပြုလုပ်တဲ့ အမေရိကန်ရဲ့ နှစ်ပေါင်း ၂၅၀ ပြည့် လွတ်လပ်ရေးနေ့ အခမ်း အနားမှာ မိန့်ခွန်းပြောကြားရင်း ဒေါ်နယ်ထရမ့်က အမေရိကန်ရဲ့ စစ်ရေးစွမ်းဆောင်ရည်တွေကို အမွှန်း တင်ခဲ့တာပါ။

 

“ကျွန်တော်တို့ဟာ အင်အားအကောင်းဆုံးစစ်တပ်ကို တည်ဆောက်ခဲ့ပြီး ကမ္ဘာ့စစ်ကြီးနှစ်ခုလုံး ကို အနိုင်ရခဲ့ပါတယ်” လို့ ဒေါ်နယ်ထရမ့်က ပြောခဲ့သလို စစ်အေးတိုက်ပွဲကြောင့် ရန်သူတွေ သမိုင်းထဲမှာ ကွယ်ပျောက်သွားခဲ့ရတယ်လို့လည်း ၎င်းက ဆိုပါတယ်။

မကြာသေးခင်က ပဋိပက္ခတွေကို ရည်ညွှန်းပြီး ဒေါ်နယ်ထရမ့်က “ကျွန်တော်တို့ ဗင်နီဇွဲလားကို တစ်ရက် တည်းနဲ့ နိုင်ခဲ့သလို အီရန်ကိုလည်း အလဲအလှဲဖြစ်အောင် ချေမှုန်းခဲ့လို့ သူတို့ သဘော တူညီချက်ရဖို့ အလွန်အမင်း မျှော်လင့်နေပါပြီ။ ကျွန်တော်တို့က လူကောင်းတွေမို့ ဈာပနအတွက် တစ်ပတ် အချိန်ပေး ထားတာပါ” လို့ ပြောပါတယ်။

 

အမေရိကန်ဟာ ကမ္ဘာပေါ်မှာ သက်တမ်းအရင့်ဆုံး သမ္မတနိုင်ငံဖြစ်သလို အလွတ်လပ်ဆုံး ပြည်သူ တွေရှိပြီး အခိုင်မာဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေရှိတဲ့ နိုင်ငံဖြစ်တယ်လို့ ဆိုပါတယ်။

 

“အမေရိကန်ပြည်သူတွေလောက် လူသားချင်းစာနာမှု အကူအညီပေးတာ၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရောဂါ ဘယတွေကို ကုသပေးပြီး လူသားတွေကို မြှင့်တင်ပေးတာ ဘယ်သူမှမရှိဘူး” လို့ ၎င်းက ဆက်ပြောပါတယ်။

 

ပြည်တွင်းမှာ လာရောက်အခြေချသူအသစ်အချို့ကြောင့် အမေရိကန်ရဲ့ လူနေမှုစနစ်နဲ့ အောင် မြင်မှု တွေကို ဆန့်ကျင်တဲ့ ကွန်မြူနစ်ဝါဒ ခြိမ်းခြောက်မှုတွေ ပြန်လည်ဦးမော့လာနေတယ်လို့ ၎င်းက သတိပေးပါတယ်။

 

ကွန်မြူနစ်ဝါဒဟာ အမေရိကန်ရဲ့ လွတ်လပ်ခွင့်အတွက် သေရေးရှင်ရေး ခြိမ်းခြောက်မှုတစ်ခုပါလို့ သူက ပြောပြီး ဒါဟာ ကမ္ဘာ့စစ်ကြီးတွေ၊ ပုလဲဆိပ်ကမ်း ဗုံးကြဲခံရမှု ဒါမှမဟုတ် 9/11 တိုက်ခိုက်မှုတွေ ထက်တောင် ပိုပြီး အန္တရာယ်ကြီးတယ်လို့ ဆိုပါတယ်။

 

“အမေရိကန်ဟာ ဘယ်တော့မှ ကွန်မြူနစ်နိုင်ငံ ဖြစ်လာမှာမဟုတ်ဘူး” လို့ ဒေါ်နယ်ထရမ့်က ဆိုပါ တယ်။

 

ကိုးကား – TRT World
Ref; Trump says US paused Iran talks for Khamenei funeral period, claims Tehran ‘dying to settle’