ဧရာဝတီတိုင်းမ်
ဇွန် ၂၁ ရက်

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူသားချင်းစာနာမှုနဲ့ လုံခြုံရေးအခြေအနေတွေဟာ တိုက်ပွဲတွေ၊ နေရပ် စွန့်ခွာမှုတွေ၊ ရာဇဝတ်မှုတွေကြောင့် ဒေသတွင်းကိုပါ ရိုက်ခတ်ပြီး ပိုဆိုးလာနေတယ်လို့ ကုလသမဂ္ဂ မြန် မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က သတိပေးလိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဂျူးလီဘစ်ရှော့ပ်က တိုက်ပွဲတွေရပ်ဖို့နဲ့ အရပ်သားတွေကို ကာကွယ်ဖို့ နိုင်ငံတကာက တောင်းဆိုနေပေမဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက မြန်မာ့အခြေအနေ ဟာ ဆက်တိုက် ဆိုးရွားလာနေတယ်လို့ ဆိုပါတယ်။

မြန်မာပြည်တွင်း အခြေအနေဟာ အလွန်ပဲ စိုးရိမ်စရာကောင်းပြီး စိတ်ဝမ်းကွဲမှုတွေလည်း ပိုများ လာနေသလို၊ ရိုဟင်ဂျာတွေရဲ့ အခြေအနေကလည်း ဆိုးရွားနေဆဲပဲလို့ သူက အစီရင်ခံခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ မတည်ငြိမ်မှုတွေဟာ ကမ္ဘာ့အဆင့်အထိ ရိုက်ခတ်မှုရှိနေပြီး လက်ရှိ မြန်မာနိုင်ငံ ဟာ ဆိုက်ဘာရာဇဝတ်မှုရဲ့ ဗဟိုချက်၊ စိတ်ကြွဆေးနဲ့ ဘိန်း အဓိကထွက်ရှိရာနေရာအပြင် မိုင်းဒဏ်ရာရ သူ အများဆုံးနိုင်ငံ ဖြစ်နေတယ်လို့ ၎င်းက ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ငတ်မွတ်ခေါင်းပါးမှု အဆိုးဆုံး ၆ နိုင်ငံထဲမှာ ပါဝင်နေပြီး ပြည်တွင်း မှာ စစ်ရှောင် ၃ ဒသမ ၇ သန်းကျော်နဲ့ ဒေသတွင်းနိုင်ငံတွေမှာ ၁ ဒသမ ၆ သန်း ရှိနေပါတယ်။ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ တစ်ခုတည်းမှာတင် ရိုဟင်ဂျာ ဒုက္ခသည် ၁ ဒသမ ၆ သန်းဝန်းကျင် ရှိနေပြီး ကော့စ်ဘဇားဟာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း ဖြစ်နေတယ်လို့လည်း သူက ရှင်းပြပါတယ်။

အခြေအနေတွေ ပိုမဆိုးလာအောင် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဝိုင်းဝန်းတားဆီးကြဖို့ သူက တိုက် တွန်းခဲ့ပြီး အခက်အခဲတွေ ဘယ်လောက်ရှိရှိ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံမှာ ဆက်ရှိနေမှာဖြစ်သလို ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်မယ့် လုပ်ငန်းစဉ်တွေကို ပြတ်ပြတ်သားသား ထောက်ခံသွားမယ်လို့ ဆိုပါ တယ်။

ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေဘက်က အခိုင်အမာ ရပ်တည်ပေးကြဖို့နဲ့ မြန်မာပြည် သူတွေရဲ့ အကူအညီတောင်းခံသံတွေကို နားထောင်ပြီး အကျပ်အတည်းတွေကို ဆက်လက်ဖြေရှင်းပေး ကြဖို့ ၎င်းက တိုက်တွန်းပါတယ်။

ကိုးကား – Anadolu
Ref; UN envoy warns Myanmar crisis deepening amid rising displacement, crime, hunger