ဧရာဝတီတိုင်းမ်
ဇွန် ၁၆ ရက်

နော်ဝေ အိမ်ရှေ့မင်းသမီး မက်တီမာရစ်ရဲ့ သားအကြီးဆုံးဖြစ်သူ အသက် ၂၉ နှစ်အရွယ် မာရီး ယပ်စ်ဘော့ဟွိုင်ဘီဟာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှု ၂ မှုအပါအဝင် အခြားပြစ်မှုပေါင်း ၃၂ မှုနဲ့ တနင်္လာနေ့ မှာ ထောင်ဒဏ် ၄ နှစ် ပြစ်ဒဏ်ချမှတ်ခံလိုက်ရပါတယ်။

သူဟာ ၂၀၁၈ ကနေ ၂၀၂၄ ခုနှစ်အတွင်း အမျိုးသမီး ၄ ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်ဆို ပြီး စုစုပေါင်း အမှုပေါင်း ၄၀ နဲ့ တရားစွဲခံထားရတာပါ။

အဲဒီအထဲကမှ လိင်ပိုင်းဆိုင်ရာစော်ကားမှု ၂ မှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ အမျိုးသမီးတစ် ဉီးအပေါ် နှိပ်စက်ညှင်းပန်းမှုတွေ အပါအဝင် ပြစ်မှုအများစုအတွက် အပြစ်ရှိကြောင်း တွေ့ရှိရလို့ ထောင် ဒဏ်ချမှတ်ခံရပြီး နစ်နာသူတွေကိုပါ နစ်နာကြေးပေးဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။

သူက လိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး တခြားအမှုအသေးလေးတွေကိုတော့ ကျူး လွန်ခဲ့ကြောင်း ဝန်ခံခဲ့တာပါ။

တရားလိုဘက်ကတော့ သူ့ကို ထောင်ဒဏ် ၇ နှစ်ခွဲကျော်အထိ ချမှတ်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ အော်စလိုခရိုင်တရားရုံးကတော့ အခုလို ထောင်ဒဏ် ၄ နှစ် ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ဒီအမိန့်ဟာ အပြီးသတ်စီရင်ချက် မဟုတ်သေးတဲ့အတွက် ဟွိုင်ဘီအနေနဲ့ အယူခံဝင်ခွင့် ရှိပါသေး တယ်။

တရားလိုပြရှေ့နေက ဒီစီရင်ချက်ဟာ တရားစီရင်ရေးစနစ်ရဲ့ အောင်ပွဲဖြစ်ပြီး ဘယ်သူပဲဖြစ်ဖြစ် ဘယ်လောက်ပဲ တော်ဝင်မိသားစုနဲ့ တော်စပ်ပါစေ ဥပဒေအထက်မှာ မရှိဘူးဆိုတာကို ပြသလိုက်တာပဲလို့ ပြောခဲ့ပါတယ်။

ဟွိုင်ဘီဟာ ကျန်းမာရေးအခြေအနေကြောင့် တနင်္လာနေ့ တရားရုံးစီရင်ချက်ချချိန်မှာ လူကိုယ် တိုင် တက်ရောက်နိုင်ခြင်းမရှိဘဲ ထောင်ထဲကနေ ဗီဒီယိုလင့်ခ်နဲ့ပဲ နားထောင်ခဲ့တာပါ။

၆ ပတ်ကြာ တရားခွင်စစ်ဆေးမှုအတွင်းမှာ နစ်နာသူတွေရဲ့ ထွက်ဆိုချက်တွေအပြင် ဟွိုင်ဘီရဲ့ ဖုန်းထဲက မက်ဆေ့ခ်ျတွေ၊ ဓာတ်ပုံတွေနဲ့ ဗီဒီယိုသက်သေတွေကိုပါ စစ်ဆေးခဲ့ပါတယ်။

ဒီအမှုဟာ တော်ဝင်မိသားစုကို အကြီးအကျယ် သိက္ခာကျစေခဲ့သလို ဟွိုင်ဘီက တော်ဝင်မိသားစု နဲ့ တော်စပ်နေတဲ့အတွက်ကြောင့်လည်း နိုင်ငံတကာရဲ့ အထူးအာရုံစိုက်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုးကား – CBS News
Ref; Norway crown princess’s son convicted of rape, sentenced to 4 years in prison