ဧရာဝတီတိုင်းမ်
ဇွန် ၁၄ ရက်
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ အိန္ဒိယလေတပ်ပိုင် လေယာဉ်တစ်စင်း ပျက် ကျခဲ့လို့ လေတပ်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အိန္ဒိယလေတပ်ရဲ့ ဇွန်လ ၁၃ ရက် ထုတ်ပြန်ချက်အရ Antonov An-32 အမျိုးအစား သယ်ယူပို့ ဆောင်ရေး လေယာဉ်ဟာ အာသံပြည်နယ်၊ ဂျိုဟတ်ဒေသတွင်းမှာ ပုံမှန်တာဝန်ထမ်းဆောင် ပျံသန်းနေ စဉ် မတော်တဆမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

လောလောဆယ်မှာတော့ လေယာဉ်ပျက်ကျတဲ့နေရာကို ထိန်းချုပ်ရှင်းလင်းတာတွေနဲ့ ကနဦးစစ် ဆေးမှုတွေ လုပ်ဆောင်နေပြီး ပျက်ကျရတဲ့ အကြောင်းရင်းကို သိရဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထား တယ်လို့ အိန္ဒိယလေတပ်က ပြောကြားထားပါတယ်။
အိန္ဒိယသတင်းဌာန NDTV ရဲ့ ရုပ်သံမှတ်တမ်းတွေမှာတော့ လေယာဉ်ပျက်ကျရာနေရာကနေ မီး ခိုးနက်ကြီးတွေ အလိပ်လိုက် တက်နေတာနဲ့ လေယာဉ်တစ်စင်းလုံး အပိုင်းပိုင်းပြတ်သွားတဲ့ ပုံစံတွေကို ပြ သခဲ့ပါတယ်။
အိန္ဒိယလေတပ်ဟာ လူနဲ့ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့အတွက် ဒီလို An-32 အမျိုးအစား လေယာဉ်ပေါင်း ၁၀၅ စင်းခန့်ကို အသုံးပြုနေတာပါ။
အင်ဂျင်နှစ်လုံးတပ် ဒီလေယာဉ်အမျိုးအစားဟာ ၂၀၁၉ ခုနှစ်မှာလည်း တရုတ်နယ်စပ်အနီး အာရု ဏာချာပရာဒေ့ရှ်ပြည်နယ်မှာ အလားတူ ပျက်ကျခဲ့ဖူးပြီး လူပေါင်း ၁၃ ဦး သေဆုံးခဲ့ဖူးပါတယ်။
ကိုးကား – Al Jazeera
Ref; Five Indian air force staff killed as transport plane crashes in Assam