ဗြိတိန် အဲလိဇဘတ်ဘုရင်မကြီးရဲ့ စျာပနအခမ်းအနား ရုရှားနဲ့မြန်မာကို မဖိတ်ကြား
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၄ ရက်
လာမယ့် တနင်္လာနေ့မှာပြုလုပ်မယ့် အဲလိဇဘတ်ဘုရင်မကြီးရဲ့ နိုင်ငံတော်စျာပနအခမ်းအနားသို့ တက် ရောက်ဖို့ ရုရှား၊ ဘီလာရုစ်နဲ့ မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေကို မဖိတ်ကြားဘူးလို့ သိရပါတယ်။
အနောက်မဟာမိတ်တွေနဲ့အတူ ဗြိတိန်နိုင်ငံက ယူကရိန်းကျူးကျော်စစ်ကြောင့် ရုရှားနဲ့ မဟာမိတ် ဘီ လာရုစ်ကို စီးပွားရေး ဒဏ်ခတ်အရေးယူမှုတွေ၊ အခြားအစီအမံတွေ ချမှတ်ကာ ကမ္ဘာ့စင်မြင့်ပေါ်မှာ အထီးကျန် ဆန်အောင် ပြုလုပ်ခဲ့ပါတယ်။
ဗြိတိန်က ရိုဟင်ဂျာတွေအပေါ် ထောက်ခံမှုအရှိန်မြှင့်တဲ့အနေနဲ့ မြန်မာနိုင်ငံနဲ့ စစ်တပ်အပေါ် ဒဏ်ခတ်အ ရေးယူမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
အဲလိဇဘတ်ဘုရင်မကြီးရဲ့ စျာပနအခမ်းအနားသို့ ပြည်ပမှ ဂုဏ်သရေရှိဧည့်သည်တော် ၅၀၀ ခန့် တက် ရောက်မည်ဖြစ်ပြီး ဗြိတိန်နိုင်ငံနဲ့ သံတမန်အဆက်အသွယ်ရှိတဲ့ နိုင်ငံတွေရဲ့ နိုင်ငံ့အကြီးအကဲတွေထံ ဖိတ်ကြားစာ တွေ ပေးပို့ခဲ့တယ်လို့ BBC က ဆိုပါတယ်။
ဆယ်စုနှစ်များစွာအတွင်း ဗြိတိန်နိုင်ငံရဲ့ အကြီးမားဆုံး နိုင်ငံ့အကြီးအကဲ ဧည့်သည်တော်များ စုဝေးပွဲ တစ်ခု ဖြစ်လာနိုင်တဲ့ အဲလိဇဘတ်ဘုရင်မကြီးရဲ့ စျာပနအခမ်းအနားသို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ သမ္မတ ကတော် ဂျေးဘိုင်ဒင်၊ ကနေဒါဝန်ကြီးချုပ်၊ သြစတြေးလျဝန်ကြီးချုပ်နဲ့ နယူးဇီလန်ဝန်ကြီးချုပ်တွေလည်း တက် ရောက်ဖို့ အတည်ပြုထားပါတယ်။
ကိုးကား – Reuters
Ref; Russia, Myanmar not invited to Queen Elizabeth’s funeral – report