ဧရာဝတီတိုင်းမ်
မေ ၂၉ ရက်

 

စစ်အုပ်စုခန့်အပ်ထားသောခရိုနီဦးကိုကိုလတ်သည် အိုင်စလန်ဂုဏ်ထူးဆောင်ကောင်စစ်ဝန် အဖြစ် ခန့်အပ်ခံရပြီး သုံးလအကြာမှာ အိုင်စလန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင်ပြန်လည် ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

 

ဥရောပသမဂ္ဂ ( EU) က ဒဏ်ခတ်ပိတ်ဆို့ထားသောအဖွဲ့အစည်းများ မြန်မာ့သစ်လုပ်ငန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့နှင့် ဦးကိုကိုလတ်၏ စီးပွားရေးပတ်သက်မှုအကြောင်းကို Justice For Myanmar(JFM) က အိုင်ယာလန်နိုင်ငံခြားရေးဝန်ကြီးထံပေးပို့လိုက်ရာတွင် ယခုလိုကောင်စစ်ဝန်စစ်ရာ ထူးမှ ရပ်ဆိုင်းခံရခြင်း ဖြစ်ကြောင်း JFM က ယနေ့ မေ ၂၉ ရက်တွင် ထုတ်ပြန်သည်။

 

“တရားမဝင်စစ်အုပ်စုထံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်တစ်ဦး ခန့်အပ်ခဲ့တဲ့ အိုက်စလန်ရဲ့ ဆုံးဖြတ်ချက်က တင်ကြိုစိစစ်မှု အလွန်အမင်း ပျက်ကွက်ခဲ့ကြောင်းပြသနေတယ်။ အဲဒီရာထူးအတွက် ရွေးချယ်ခံရသူကလည်း ကိုကိုလတ်ဖြစ်နေတာက အီးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကို အိုက်စလန်ရဲ့ အကောင်အထည်ဖော်မှုမှာ ဆိုးရွားတဲ့ ကျရှုူံးမှုတစ်ခုကို ဖြစ်စေခဲ့ပါတယ်” ဟု Justice For Myanmar ပြောရေးဆိုခွင့်ရှီသူ မရတနာမောင် ကပြောကြားသည်။

အိုင်စလန်နိုင်ငံအနေဖြင့် ယခုလိုစစ်အုပ်စု၏ ရာဇဝတ်မှုများကိုငွေကြေးထောက်ပံ့ပေးနေသော ကျောထောက် နောက်ခံဖြစ်သူ ခရိုနီဦးကိုကိုလတ်၏ ကောင်စစ်ဝန်ရာထူးရုတ်သိမ်းပေးမှုကိုကြိုလိုက်ပြီး အခြားသောနိုင်ငံများကလည်းလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

 

ထို့ပြင်ဦးကိုကိုလတ်၏ KK Business Group လက်အောက်တွင် ရန်ကုန်မြို့ရှိ Central Hotel လုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်းထံမှ သစ်လေလံယူခြင်းတို့ပါဝင်ကြောင်းသိရသည်။

 

အဆိုပါ Justice for Myanmar ၏ကန့်ကွက်စာနှင့်ပတ်သက်ပြီး ဦးကိုကိုလတ်က ငြင်းဆိုပြီးနောက် အိုင်ယာလန်ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ရာထူးမှ မေ ၁၂ ရက်နေ့တွင် ကိုယ်တိုင်နှုတ်ထွက်သွားကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

 

မြန်မာနိုင်ငံဆိုင်ရာ အိုက်စလန်နိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် အဖြစ်ခန့်အပ်ရန် သဘောတူပြီး ဖြစ်သော ဦးကိုကိုလတ်၏ ခန့်အပ်လွှာကို ရွေးတုအစိုးရ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေလက်ခံပြီး အသိအမှတ်ပြု စာချွန်လွှာကို ဖေဖော်ဝါရီ ၂၃ ရက်မှာ ဦးကိုကိုလတ်ခံ ပြန်လည်ပေးအပ် ခဲ့ကြောင်းသိရသည်။

 

ဓာတ်ပုံ – MOFA , JFM