ဧရာဝတီတိုင်းမ်
မေ ၂၉ ရက်
ရန်ကုန်မှ ဒလသို့ကူးသည့် စက်လှေတစ်စီး တိမ်းမှောက်၍ စက်လှေမောင်းသူအပါ အဝင် သုံး ဦးပျောက်ဆုံးနေကြောင်း သိရသည်။
မေ ၂၈ ရက် ည ၇ နာရီဝန်းကျင်ခန့်တွင် ရန်ကုန်မြို့မော်တင်ဆိပ်မှ ဒလမှော်စက်ဘက်သို့ကူးသည့် ၁၂ ဦး တင်ဆောင်လာသည့် စက်လှေတစ်စီး တိမ်းမှောက်၍ ကိုး ဦးကို ရှာဖွေတွေ့ရှိခဲ့ပြီး သုံး ဦးမှာပျောက်ဆုံးနေခြင်းဖြစ်သည်။
“ကိုး ဦးသာပြန်ရတယ်။ သုံး ဦးပျောက်နေသေးတယ်။ စက်လှေက ၁၂ ယောက်ပါလာတာ။ ဇက်က ဝင်တိုက်တာမှာ စက်လှေသမားနဲ့အတူ သုံး ယောက်ပျောက်နေတာပါ”ဟု စက်လှေသမားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စက်လှေတိမ်းမှောက်ပြီးနောက် မြစ်အတွင်းဖြတ်သန်းမှုကို ခေတ္တပိတ်ထားပြီးနောက် ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
ဓာတ်ပုံ-ရန်ကုန်-ဒလကူး သမ္ဗာန်လှေများ