နျူလက်နက်တွေ အသုံးပြုမယ်ဆိုရင် ကိုယ့်ကိုကိုယ်ဖျက်ဆီးရာရောက်မယ်လို့ မြောက်ကိုရီးယားကို တောင်ကိုရီးယား သတိပေး

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၃ ရက်

မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားလက်နက်တွေ အသုံးပြုဖို့ ကြိုးပမ်းမှုက ကိုယ့်ကိုကိုယ် ဖျက်ဆီး ရာကျမယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ သတိပေးလိုက်ပါတယ်။

ပဋိပက္ခဖြစ်လာရင် နျူကလီးယားလက်နက်နဲ့ ကြိုတင်လက်ဦးတိုက်ခိုက်နိုင်မယ့် နျူကလီးယား မူဝါဒ ဆိုင်ရာ ဥပဒေတစ်ရပ်ကို မြောက်ကိုရီးယားက ပြဌာန်းပြီးနောက် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန၊ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး မွန်းဟောင်ဆစ်ခ်က သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့တာပါ။

“မြောက်ကိုရီးယားက နျူကလီးယားလက်နက်တွေ အသုံးပြုဖို့ ကြိုးပမ်းမယ်ဆိုရင် တောင်ကိုရီးယား-အမေရိကန် မဟာမိတ်အဖွဲ့ရဲ့ တုံ့ပြန်မှုကို ရင်ဆိုင်ရမှာဖြစ်တာကြောင့် မြောက်ကိုရီးယားအစိုးရက ကိုယ့်ကိုကိုယ် ဖျက်ဆီးရေးလမ်းကြောင်းထဲ ဝင်ရောက်သွားနိုင်ပါတယ်” လို့ ၄င်းက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားမူဝါဒက မဟာမိတ်အဖွဲ့ရဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို တုံ့ ပြန်နိုင်စွမ်းကို တိုးတက်လာပြီး မြောက်ကိုရီးယားကို နိုင်ငံတကာ အထီးကျန်စေကာ ပြည်သူတွေ ဆင်းရဲဒုက္ခ ပို ရောက်မယ်လို့ သူက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံ အလုံးစုံ နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် တောင်ကိုရီးယားက တွန်းအားပေးကြိုးပမ်းနေသလို နျူကလီးယားလက်နက် အသုံးမပြုနိုင်အောင် အမေရိကန်က ဟန့်တားသွားမယ် လို့ ၄င်းက ပြောပါတယ်။

တိုက်ခိုက်မှုတစ်ခုကြောင့် မြောက်ကိုရီးယားနိုင်ငံရဲ့နျူကလီးယားတပ်ဖွဲ့တွေ အန္တရာယ်ရှိနေပါက နျူက လီးယားတိုက်ခိုက်မှုကို ချက်ချင်းဆိုသလို အလိုအလျောက် လုပ်ဆောင်နိုင်ရန် ပြီးခဲ့တဲ့အပတ်က အတည်ပြုခဲ့တဲ့ ဥပဒေက ပြဌာန်းထားပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားက နျူကလီးယားလက်နက်ပိုင် အင်အားကြီးတိုင်းပြည်တစ်ခုအဖြစ် ကိုယ့်ကို ကိုယ် ကြေညာခဲ့ပါသေးတယ်။

ကိုးကား – Yonhap

Ref; S. Korea warns N. Korea’s nuclear use would lead to regime’s ‘self-destruction’