
ရေးမြို့တွင် စစ်ကောင်စီသတင်းပေး ဖိုးစီ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံး
နိုင်း/ဧရာဝတီတိုင်းမ်
(ရေး)၊စက်တင်ဘာလ ၁၃ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီသတင်းပေးတစ်ဦးဖြစ်သူ ဖိုးစီ ဆိုသူဟာ ယနေ့ စက်တင်ဘာ ၁၃ ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ပွဲချင်းပီး သေဆုံးသွားတယ် လို့ ဒေသခံများထံကသိရသည်။
ရေးမြို့နယ်အတွင်းတွင် စစ်ကောင်စီ သတင်းပေးဒလန်ဟုကျော်ကြားသူ ဖိုးစီသည် အစင်ဒလန် ဦးမောင်မြင့်၏ သားဖြစ်ပြီး ရေးမြို့ တူမြောင်ကျေးရွာအနီး လေယာဉ်ကွင်း၌ သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီးသေဆုံး သွားတယ် လို့ YE ဘီလူးအဖွဲ့ထံက သိရသည်။
“ကျွန်တော်တို့ သူ့ကိုလိုက်နေတာကြာပြီး၊ ခုမှအခွင့်ရေးရတာ၊ သူကစကစရဲ့ထောက်တိုင်သတင်းပေးဘဲ၊ သူ့အဖေမောင်မြင့်ကလည်း အစင်ရွာရဲ့ ဒလန်အကြီးစား သူလဲတခြား PDF အဖွဲ့တစ်ခုရဲ့ ပစ်တာခံရလို့ သေသွားပြီး” ဟု YE ဘီလူးအဖွဲ့ခေါင်းဆောင်မှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖိုးစီသည် ရေးမြို့နယ်တွင် စစ်ကောင်စီ၏ သတင်းပေး ထောက်တိုင်အကြီးစားတစ်ဦးဖြစ်ပြီး NLD ပါတီဝင်များကိုတိုက်ခိုက်ခြင်း၊ မတရားဖမ်းဆီးခိုင်းခြင်းများ ရှိသည်ဟု ဒေသခံများပြောပြချက်အရသိရသည်။
ဒါ့ပြင် ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံရုံးများကိုတိုက်ခိုက်ခြင်း၊ ဒလန်ရှင်းလင်းခြင်းများကို မကြာခန လုပ်ဆောင်လေ့ရှိကာ ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်တွင်လည်း ရေးခရိုင်စုပေါင်းရုံးအား ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
#Ayeyarwaddy_Times