ဧရာဝတီတိုင်းမ်
မေ ၂၇ ရက်
ဟော်မုဇ်ရေလက်ကြားအနီး အမေရိကန်က လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံလုပ်ဆောင်ခဲ့ တာကြောင့် အီရန်က ပြင်းပြင်းထန်ထန် ပြစ်တင်လိုက်ပါတယ်။
အခုလုပ်ရပ်ကြောင့် ယာယီအပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားနိုင်သလို ကမ္ဘာ့ရေနံထောက်ပံ့မှုနဲ့ ဒေသတွင်းတည်ငြိမ်မှုကို ထိခိုက်နေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်ဖို့ လုပ်ဆောင်နေတဲ့ ဆွေးနွေးပွဲတွေ ကိုလည်း ပိုပြီးရှုပ်ထွေးသွားစေနိုင်ပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့အစောပိုင်းက ဟော်မိုဇဂန်ပြည်နယ်အတွင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်ဟာ ၇ ပတ်နီးပါး ကြာမြင့်နေပြီဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုး ဖောက်နေတယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲလိုက်ပါတယ်။
အဲဒီဒေသတွင်းမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ကြောင်း အီရန်မီဒီယာတွေက ဖော်ပြကြပေမဲ့ ဝါရှင် တန်က ဒါဟာ ကာကွယ်ရေးအတွက် လုပ်ဆောင်တဲ့ စစ်ဆင်ရေးဖြစ်ပြီး အဓိကရေလမ်းကြောင်းအနီးမှာ ရေမိုင်းတွေထောင်ဖို့ ကြိုးစားနေတဲ့ ဒုံးကျည်စခန်းတွေနဲ့ ရေယာဉ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ လို့ ပြောဆိုထားပါတယ်။
ဟော်မုဇ်ရေလက်ကြားမှာ တိုက်ခိုက်မှုတွေရပ်တန့်ဖို့နဲ့ ရေကြောင်းကုန်သွယ်မှုတွေ ပြန်လည်စ တင်နိုင်ဖို့ ဝါရှင်တန်နဲ့ တီဟီရန်ကြား အခြေခံမူဘောင်တစ်ခုအပေါ် သဘောတူညီမှုရလုနီးပါး တိုးတက်မှု လက္ခဏာတွေ ပြသခဲ့ပြီးမှ အခုလို ရက်ကြန့်ကြာဦးမယ့်အခြေအနေ ဖြစ်လာတာပါ။
အခု ညှိနှိုင်းနေတဲ့ အကြိုသဘောတူညီချက်အရ ဒေသတွင်း တိုက်ပွဲတွေကို လျှော့ချဖို့နဲ့ ပိတ်ဆို့ နေတဲ့ ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းတွေကို ပြန်ဖွင့်ဖို့အတွက် ရက်ပေါင်း ၃၀ သက်တမ်းရှိမယ့် မူဘောင်တစ်ခုကို အရင်ဆုံး ချမှတ်သွားမှာ ဖြစ်ပါတယ်။
အီရန်ရဲ့ နျူကလီးယားအစီအစဉ်လိုမျိုး ပိုပြီးခက်ခဲရှုပ်ထွေးတဲ့ ပြဿနာတွေကိုတော့ နောက်မှပဲ ဆက်လက်ဆွေးနွေးသွားဖို့ ချန်ထားခဲ့တာပါ။
အီရန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ အီရန်ညှိနှိုင်းရေးမှူးတွေဘက်က ဒီသဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ထိန်းချုပ်ခံထားရတဲ့ အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံခန့်ကို ပြန်ပေးဖို့ တောင်း ဆိုနေကြပါတယ်။
အခုငွေကြေးကိစ္စဟာ ဝါရှင်တန်နဲ့ တီဟီရန်ကြား နားလည်မှုစာချွန်လွှာ (MoU) ကို အပြီးသတ် နိုင်ဖို့အတွက် အဓိက အဖြေမထွက်သေးတဲ့ အဟန့်အတားတစ်ခု ဖြစ်နေတယ်လို့ သိရပါတယ်။
အီရန်က လက်ဘနွန်နိုင်ငံတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အဆုံးသတ်ဖို့အတွက် တွန်းအားပေး နေပါတယ်။ လက်ဘနွန်မှာ ပြီးခဲ့တဲ့ ဧပြီလကတည်းက အပစ်အခတ်ရပ်စဲရေး လုပ်ထားခဲ့ပေမဲ့ အစ္စရေးစစ် တပ်နဲ့ ဟစ်ဇဘိုလာ လက်နက်ကိုင်တွေကြား တိုက်ပွဲတွေကတော့ အခုထိ ဆက်လက်ပြင်းထန်နေဆဲ ဖြစ် ပါတယ်။
ကိုးကား – India Today
Ref; Iran accuses US of violating ceasefire with Hormuz strikes