ပုသိမ်မြို့မှာ ၁ ပတ်အတွင်း ပိုင်ရှင်မဲ့အလောင်း ၂ လောင်းတွေ့ရှိမှု ကိုဗစ်ဖြစ်မှာ ဒေသခံများ စိတ်ပူနေ

မင်းမြတ်မောင်/ဧရာဝတီတိုင်းမ်

(ပုသိမ်)၊ စက်တင်ဘာလ ၁၃ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ စက်တင်ဘာလဆန်းပိုင်းမှာတင် ပိုင်ရှင်မဲ့ အလောင်း ၂ လောင်းတွေ့ရှိခဲ့တာကြောင့် ကိုဗစ်ရောဂါနဲ့သေဆုံးတာဖြစ်မှာကို ဒေသခံတွေက စိတ်ပူနေတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့က ပုသိမ်မြို့ကနေ ငွေဆောင်သွားတဲ့ ကားလမ်းပေါ်မှာ လူသေအလောင်း ၁ လောင်းတွေ့ရှိခဲ့ပြီး စက်တင်ဘာလ ၇ ရက်နေ့မှာ ကမ်းနီးကျေးရွာအနီးက မြစ်ထဲ အမျိုးသား အလောင်း ၁ လောင်း တွေ့ရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ အလောင်းတွေတာတော့ဟုတ်တယ် လူမှုရေးကားတွေနဲ့လာခေါ်သွားပြီး သတင်းပျောက်သွားတာ ဘာလို့ ဆုံးတယ်ဆိုတာ မသိတော့ လူတွေက ကိုဗစ်နဲ့ဆုံးတာဖြစ်မှာစိတ်ပူတာ တကယ်လို့ ကိုဗစ်နဲ့ဆုံးတယ်ဆိုရင် အကုန်ကူးမှာကြောက်နေတာ”လို့ ဒေသခံပြည်သူ တဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

သေဆုံးခဲ့တဲ့ အလောင်းတွေကို ဆေးရုံက ရင်ခွဲရုံကိုခေါ်ဆောင်သွားပြီးနောက်ပိုင်း ဘာကြောင့်သေတယ်ဆိုတာ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာကြောင့် ကိုဗစ်ရောဂါနဲ့သေဆုံးပြီး သတင်းထိန်ချန်ထားမှာကို စိတ်ပူ နေရတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာတော့ စက်တင်ဘာလ ၁၀ ရက်နေ့ထိ ကိုဗစ်ကူးစက်ခံရတဲ့ အတည်ပြုလူနာ ၅၀ ကျော်ရှိပြီး ပုသိမ်မြို့မှာတော့ အတည်ပြုလူနာ ၅ ဦးထိတွေ့ရှိထားတယ်လို့ စစ်ကောင်စီလက်အောက်ခံကျန်းမာရေး ဝန်ကြီးဌနာရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

#Ayeyarwaddy_Times