လောင်းလုံမြို့နယ်မှာ ဖမ်းဆီး ၊ ဓားမြတိုက်လုယက်နေတဲ့ ပျူစောထီး ၄ ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး ၂ ဦးသေ ၂ ဦးဆေးရုံရောက်

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၃ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ အင်းဇောက်ရွာ နှင့် ပန္နလဲရွာကြားတွင် ​ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်က ပျူစောထီးအဖွဲ့ဝင် ၄ ဦးလိုက်ပါသည့် Vigo ကားတစ်စီး သေနတ်နဲ့ပစ်ခတ်ခံရတယ် လို့ ဒေသခံများထံကသိရသည်။

အဆိုပါပစ်ခတ်ခံရမှုကြောင့် ပျူစောထီးခေါင်းဆောင် ငဇော် ၏ မယားဖြစ်သူ မညိုဝင်း ၊ တူဖြစ်သူ မောင်နိုင်လင်းအောင် တို့နှစ်ဦး ပွဲခြင်းပြီးသေဆုံးပြီး ၊ ကျန်နှစ်ဦးမှာ ထားဝယ်ဆေးရုံကြီး အရေးပေါ်ဌာနရောက်ရှိနေကာ မြေပြင်သတင်းအရ သိထားရတယ် လို့ DDTတပ်ခွဲ (၃) အဖွဲ့ကပြောသည်။

“ဒီလူတွေက ရပ်ရွာထဲမှာ အတော်ဆိုးသွမ်းတဲ့ သူတွေပါ။ ဒါကြောင့်လဲ သူတို့ ကားမောင်းအလာ အသင့်စောင့်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ဒီလမ်းမပေါ်မှာ စစ်ကား၊ ရဲကားတွေနဲ့ ခရီးသွား ပြည်သူယာဥ်တွေလည်း မေတ္တာရပ်ခံ ကပ်မလိုက်ကြဖို့ကိုလည်း အသိပေးပေးထားချင်ပါတယ်” လို့ DDT တပ်ခွဲ (၃) ထားဝယ်-ပကဖ မှ တာဝန်ရှိသူတဦးက

ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့ပြင် ထို သေဆုံး နှစ်ဦး နှင့် ဒဏ်ရာရရှိသူတို့မှာ လက်နက်ကိုင်ဆောင် ပျူစောထီးအဖွဲ့ဝင်များဖြစ်ပြီး ကျေးရွာအတွင်းရှိ ပြည်သူများကို အကြောင်းမရှိ သတ်ဖြတ် ၊ ဖမ်းဆီး ၊ ဓားမြတိုက်လုယက် ယုတ်မာခဲ့ကြသူများဖြစ် တယ် လို့ DDT တပ်ခွဲ (၃) ထားဝယ်-ပကဖ က ပြောသည်။

ရုပ်/သံ- DDTတပ်ခွဲ (၃) ထားဝယ်-ပကဖ

#Ayeyarwaddy_Times