ဧရာဝတီတိုင်းမ်
မေလ ၈ ရက်

ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပနေတုန်း ယူကရိန်းက မော် စကိုမြို့ကို တိုက်ခိုက်လာမယ်ဆိုရင် ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်လို့ ရုရှားနိုင်ငံက သတိပေးလိုက်ပါ တယ်။

ရုရှားဟာ ဒီအောင်ပွဲနေ့ အထိမ်းအမှတ်အနေနဲ့ လာမယ့် သောကြာနေ့ကစပြီး နှစ်ရက်ကြာ အပစ် အခတ်ရပ်စဲမယ်လို့လည်း တစ်ဖက်သတ် ကြေညာထားပါသေးတယ်။

ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ဗုဒ္ဓဟူးနေ့မှာ အခုလို သ တိပေးချက် ထုတ်ပြန်ခဲ့တာပါ။ စနေနေ့မှာကျင်းပမဲ့ အောင်ပွဲနေ့ အခမ်းအနားနဲ့ ပတ်သက်ပြီး ယူကရိန်း သမ္မတ ဇီလန်စကီးရဲ့ ပြောကြားချက်တွေကို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

ရုရှားဟာ အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားကို အရင်ကထက် လျှော့ချပြီး ကျင်းပဖို့ ဆုံးဖြတ်ခဲ့ တာဟာ သူတို့မှာ စစ်လက်နက်တွေ အလုံအလောက် မရှိတော့လို့ပဲ၊ ဒါ့အပြင် ရင်ပြင်နီမှာ ဒရုန်းတွေ ပျံ သန်းလာမှာကို သူတို့ ကြောက်နေကြတယ်လို့ ဇီလန်စကီး ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ပြောခဲ့တာပါ။

ဇီလန်စကီးဟာ မော်စကိုမှာကျင်းပမဲ့ အောင်ပွဲနေ့ အားလပ်ရက်ကို အကြမ်းဖက်တိုက်ခိုက်မှုတွေ နဲ့ နှောင့်ယှက်ဖို့ ရည်ရွယ်ပြီး ရန်လိုတဲ့၊ ခြိမ်းခြောက်တဲ့ စကားတွေကို ပြောဆိုနေတာလို့ မာရီယာက ဆို ပါတယ်။

ယူကရိန်းက အကြမ်းဖက်အစီအစဉ်တွေကို အကောင်အထည်ဖော်မယ်ဆိုရင် ရုရှားတပ်ဖွဲ့တွေက ကိယက်ဗ်မြို့မှာရှိတဲ့ ဆုံးဖြတ်ချက်ချမှတ်ရာ ဗဟိုဌာနတွေကိုပါမကျန် လက်တုံ့ပြန်တိုက်ခိုက်သွားမှာက ရှောင်လွှဲလို့မရဘူးလို့ ၎င်းက ဆက်ပြောပါတယ်။

ကိယက်ဗ်မြို့မှာရှိတဲ့ သံရုံးတွေကိုလည်း ရုရှားရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေအတွက် ပြင်ဆင် တဲ့အနေနဲ့ ဝန်ထမ်းတွေကို အမြန်ဆုံး ရွှေ့ပြောင်းထားဖို့ သူက တိုက်တွန်းခဲ့ပါတယ်။

ရုရှားဟာ အဓိက စစ်ရေးပြအခမ်းအနားကြီးတောင် ယူကရိန်းအပေါ် မူတည်နေရတဲ့အထိ ဖြစ် လာခဲ့ပြီလို့ ဇီလန်စကီးက ပြောဆိုခဲ့ပြီး ယူကရိန်းက ဗုဒ္ဓဟူးနေ့မှာ စတင်ဖို့ အဆိုပြုထားတဲ့ အပစ်အခတ် ရပ်စဲရေးကို ရုရှားက ချိုးဖောက်ခဲ့တယ်လို့ ပြောပါတယ်။

ဇီလန်စကီးရဲ့ ရေးသားချက်အရ အပစ်အခတ်ရပ်စဲရေး စတင်ချိန်ကတည်းက ရုရှားဟာ ချိုး ဖောက်မှုပေါင်း ၁,၈၂၀ အထိ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်းအရှေ့မြောက်ပိုင်းက ဆူမီဒေသမှာရှိတဲ့ မူကြိုကျောင်းတစ်ခု ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရလို့ လူ ၂ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။

ကိုးကား – NHK
Ref; Russia warns of retaliation if Ukraine attacks on Victory Day