ဧရာဝတီတိုင်းမ်
မေ ၃ ရက်
မြန်မာနိုင်ငံမှာ ကာလရှည်ကြာ ဖမ်းဆီးခံထားရတဲ့ သမ္မတ ဦးဝင်းမြင့် ဧပြီလ ၁၇ ရက်မှာ လွတ် ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပြီး နေပြည်တော်အကျဉ်းထောင်မှာ ကျခံရန်ကျန်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြစ်ဒဏ်တွေကို သတ်မှတ်ထားသည့် နေအိမ်တစ်နေရာတွင် ပြောင်းရွှေ့ကျခံ စေဖို့ လျှော့ပေါ့ပေးလိုက်ကြောင်း နိုင်ငံပိုင်ရုပ်သံဌာနက ဧပြီလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဂျပန်အစိုးရက မြန်မာနိုင်ငံရဲ့ အခြေအနေတွေ တိုးတက်ကောင်းမွန်လာစေဖို့ ဖမ်းဆီးခံထားရသူ တွေ ပြန်လည်လွတ်မြောက်ရေး ကြိုးပမ်းလျက်ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ် ခုမှာ ပြောပါတယ်။
ဂျပန်နိုင်ငံက လတ်တလော ဖြစ်ပေါ်တိုးတက်မှုတွေကို အနီးကပ် စောင့်ကြည့်လျက်ရှိပြီး ယင်းတို့ ကို အပြုသဘောဆောင်သည့် ခြေလှမ်းများအဖြစ် ရှုမြင်ပါတယ်။
မြန်မာနိုင်ငံရဲ့အခြေအနေမှာ မသေချာမှုတွေ ရှိနေဆဲဖြစ်ပေမဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးရသူတွေကို လွှတ်ပေးရေးနဲ့ သက်ဆိုင်သူတွေကြား စစ်မှန် သော ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာရေးလိုမျိုး နိုင်ငံရေးဆိုင်ရာ တိုးတက်မှုကို ဂျပန်နိုင်ငံက မြင်တွေ့လို တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
မြန်မာပြည်သူတွေရဲ့ လူနေမှုဘဝ မြှင့်တင်ဖို့ ရည်ရွယ်တဲ့ ကြိုးပမ်းမှုတွေကို ဂျပန်နိုင်ငံက မျှော် လင့်ထားပြီး အခြေအနေများ တိုးတက်ကောင်းမွန်လာစေဖို့ ကြိုးပမ်းအားထုတ်မှုတွေ အရှိန်မြှင့် သွားမယ် လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ကိုးကား – Japan mofa
Ref; The Situation in Myanmar (Treatment of Daw Aung San Suu Kyi and others)