ဧရာဝတီတိုင်းမ်
မေ ၃ ရက်

မြန်မာနိုင်ငံမှာ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးကို အမြန်ဆုံး ခြွင်းချက်မရှိ ပြန် လည်လွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က တောင်းဆိုလိုက်တယ်လို့ ဒု တိယပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟပ်ခ်က သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ထားတဲ့ နေအိမ်တစ်နေရာသို့ ပြောင်းရွှေ့လိုက်တာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မှတ်တမ်းတင်ထားပါတယ်” လို့ သူက ဆိုပါ တယ်။

“ယုံကြည်စိတ်ချရတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တစ်ခုဖြစ်ပေါ်လာဖို့အတွက် အခြေခံကျတဲ့ ခြေလှမ်း တစ်ရပ်အနေနဲ့ မတရားဖမ်းဆီးခံထားရသူ အားလုံးကို အမြန်ဆုံးနဲ့ ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့ ကု လသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

လက်တွေ့ကျတဲ့ နိုင်ငံရေးအရ ဖြေရှင်းမှုတစ်ခုဟာ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ပြီး အားလုံးပါဝင်သော ဆွေးနွေးမှုတွေအပေါ် စစ်မှန်သော ကတိကဝတ်ပြုခြင်းတွေနဲ့ အခြေခံရမယ်လို့ ဂူတာ ရက်စ်က ပြောကြားခဲ့ကြောင်း ဟပ်ခ်က ဆိုပါတယ်။

ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး ကြိုးပမ်းမှုတွေကို ပံ့ပိုးကူညီရာတွင် ဒေသတွင်းနဲ့ နိုင်ငံတကာ မိတ် ဖက်တွေ အထူးသဖြင့် အာဆီယံရဲ့ အခန်းကဏ္ဍကိုလည်း ဂူတာရက်စ်က အလေးပေးပြောကြားခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမှာ စစ်တပ်က အာဏာသိမ်းယူပြီး အရပ်သားခေါင်း ဆောင်တွေကို ဖမ်းဆီးခဲ့ကာ တစ်နိုင်ငံလုံးအတိုင်းအတာ ဆန္ဒပြမှုတွေနဲ့ ပဋိပက္ခများ ပေါ်ပေါက်လာခဲ့ပြီး နိုင်ငံရေးအရ မတည်ငြိမ်မှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

ကိုးကား – Anadolu
Ref; UN chief urges release of detainees, renewed dialogue in Myanmar