ဧရာဝတီတိုင်းမ်
မေ ၁ ရက်

အကယ်၍ အမေရိကန်အစိုးရက တိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်လာပါက အမေရိကန် တပ်စခန်း တွေကို နာကျင်စေမဲ့ ထိုးနှက်ချက်တွေနဲ့ ပြန်လည်တုံ့ပြန်မယ်လို့ အီရန်နိုင်ငံက ကြာသပတေးနေ့မှာ ပြော ကြားလိုက်ပါတယ်။

အီရန်နိုင်ငံဟာ ဟော်မုဇ်ရေလက်ကြားအပေါ် ထိန်းချုပ်မှုကို ထပ်လောင်းအတည်ပြုခဲ့ပြီး ယင်း လုပ်ရပ်ဟာ အဆိုပါရေလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ရေး မဟာမိတ်အဖွဲ့ ဖွဲ့စည်းဖို့ ကြိုးပမ်းနေတဲ့ အမေရိကန်ရဲ့ အစီအစဉ်တွေကို ပိုမိုရှုပ်ထွေးသွားစေခဲ့ပါတယ်။

အီရန် အမြင့်ဆုံးခေါင်းဆောင်သစ် မိုဂျာတာဘာခါမေနီက အီရန်ပြည်သူများထံ ပေးပို့တဲ့ စာဖြင့် ရေးသားသော သတင်းစကားတွင် ဟော်မုဇ်ရေလက်ကြားအား စီမံခန့်ခွဲမှုအသစ်ဖြင့် ကိုင်တွယ်ဆောင် ရွက်ရာမှာ ရန်သူတွေရဲ့ ရေလမ်းကြောင်းအပေါ် အလွဲသုံးစားလုပ်မှုတွေကို အပြီးတိုင် ဖယ်ရှားပစ်မယ်လို့ ပြောပါတယ်။

အမေရိကန်ရဲ့ အီရန်အပေါ် တိုက်ခိုက်မှုဟာ အတိုင်းအတာတစ်ခုအထိသာ ကန့်သတ်ထားတဲ့ တိုက်ခိုက်မှုမျိုး ဖြစ်နေစေဦးတော့ ထိုလုပ်ရပ်ဟာ ဒေသတွင်း အမေရိကန်တပ်စခန်းတွေအပေါ် ရှည်လျား ပြီး နာကျင်စေမဲ့ တိုက်ခိုက်မှုတွေ ဖြစ်လာစေဖို့ လမ်းဖွင့်ပေးလိုက်ခြင်းသာ ဖြစ်လိမ့်မယ်လို့ တော်လှန်ရေး အစောင့်တပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အဆိုပါ ရေလမ်းကြောင်း ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာတဲ့ အနှောင့်အယှက်တွေဟာ ယခုနှစ် နှစ်လယ်ပိုင်းအထိ ကြာရှည်သွားပါက ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်း ကျဆင်းသွားမယ်လို့ သတိပေးလိုက်ပါတယ်။

ကုန်ဈေးနှုန်း ကြီးမြင့်မှုများ ဖြစ်ပေါ်လာနိုင်ပြီး လူဦးရေ သန်းပေါင်းများစွာမှာလည်း ဆင်းရဲမွဲတေ မှုနဲ့ အလွန်အမင်း ငတ်မွတ်ခေါင်းပါးမှု ဘေးဒုက္ခများအတွင်းသို့ ပိုမိုတွန်းပို့ခံရနိုင်တယ်လို့ ၎င်းက ဆိုပါ တယ်။

ကိုးကား – CBS News
Ref; Iran threatens ‘long and painful strikes’ on U.S. targets if Trump resumes bombing