ဧရာဝတီတိုင်းမ်
ရန်ကုန်၊ ဇွန်လ ၃၀ ရက်
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်မန်နေဂျာ ဇွန်လ ၂၉ ရက် မနေ့ညပိုင်းက မြောက်ဒဂုံဘေလီတံတားအနီးမှာ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ပစ်သတ်ခံရသူဟာ တောင်ဒဂုံEPC မန်နေဂျာ ဗိုလ်ကြီးဟောင်း ဦးဝင်းမြင့်ဇော်ဆိုသူ ဖြစ်ပြီး မရမ်းကုန်းမြို့နယ်ရှိ ၄င်းရဲ့နေ အိမ်ကိုပြန်နေစဥ် သူ့ရဲ့ကားပေါ်မှာဘဲပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။
” မနေ့ည ၇ နာရီခွဲကျော်လောက်အိမ်အပြန်မှာပစ်ခံရတာ။ သူက မရမ်းကုန်းမှာနေတာ မြောက်ဒဂုံပင်လုံလမ်းကနေဖြတ်ပြန်တာနေမှာ၊ ဘေလီတံတားနားက နာရီစင်နားလောက်မှာ ကားမောင်းနေရင်းကိုပစ်ခံရတာ ၊ ပစ်ခံရပြီးတော့ရှေ့က ကားကအတိုက်ခံလိုက်ရတယ်။ သူက အောက်ကဝန်ထမ်းတွေအပေါ်ရော၊ မီတာဆောင်တဲ့သူတွေကိုရောဆက်ဆံတာ မောက်မာကြမ်းတမ်းတော့သူ့ကိုသိပ်မကြည်က ဘူး” လို့တောင်ဒဂုံမြို့ခံတဦးကပြောပါတယ်။
သေဆုံးသူ လျှပ်စစ်မန်နေဂျာဟာ စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်မှ အရပ်ဘက်လျှပ်စစ်မန်နေဂျာအသွင်ပြောင်းနဲ့ပြောင်းရွှေ့လာတဲ့သူလို့ ဒေသခံတွေက ဆိုပါတယ်။
အဲ့ဒီလုပ်ဆောင်မှုကို ရန်ကုန်မြို့ပြပြောက်ကျား အထူးလုပ်ငန်းတာဝန်အဖွဲ့- Speical Task Agency of Burma က ရှင်းလင်းခဲ့တာလို့သိရပါတယ်။
တောင်ဒဂုံမှာ အခုလအတွင်းမှာဘဲ မြို့နယ်လျှပ်စစ်မန် နေဂျာအပါအဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ရာအိမ်မှူး၊စစ်တပ်သတင်းပေး ၄ ဦးထက်မနည်းပစ်သတ်ခံခဲ့ရပါတယ်။