ဧရာဝတီတိုင်းမ်
ဧပြီ ၂၆ ရက်

 

စနေနေ့ညက ကျင်းပတဲ့ အိမ်ဖြူတော် သတင်းထောက်များအသင်းရဲ့ နှစ်ပတ်လည်ညစာစားပွဲမှာ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခု ပေါ်ပေါက်ခဲ့လို့ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အဆင့်မြင့်ခေါင်းဆောင် တွေကို အရေးပေါ် ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

 

အခမ်းအနားမှာ လုံခြုံရေးအဖွဲ့နဲ့ တာဝန်ရှိသူတွေဟာ ခန်းမထဲကို အပြေးအလွှား ရောက်လာခဲ့ပြီး အဲဒီမှာရှိနေတဲ့ ဧည့်သည်ရာပေါင်းများစွာဟာလည်း စားပွဲတွေအောက်မှာ ပုန်းနေခဲ့ကြရပါတယ်။

ညစာစားပွဲကို တက်ရောက်လာတဲ့ လူပေါင်း ၂,၆၀၀ လောက်ဟာ ဘေးလွတ်ရာမှာ ဝပ်နေခဲ့ကြရပြီး စားပွဲထိုးတွေလည်း ခန်းမရှေ့ဘက်ကို အလန့်တကြား ထွက်ပြေးခဲ့ကြပါတယ်။

 

လုံခြုံရေးအဖွဲ့က စင်ပေါ်ကနေ ခေါ်မထုတ်သွားခင်လေးမှာ မီလန်နီယာထရန့်ဟာ ပရိသတ်ထဲက တစ်ခုခုကို သတိထားမိသွားတဲ့ပုံစံနဲ့ တော်တော်လေး စိုးရိမ်တကြီး ဖြစ်သွားတာကို တွေ့ခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

 

ဒုသမ္မတ ဂျေဒီဗန့်စ်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကိုလည်း အခမ်းအနားကနေ အရေးပေါ်ခေါ် ထုတ်သွားခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဘေးကင်းလုံခြုံစွာ ရှိနေသလို အစိုးရအဖွဲ့ဝင်တွေလည်း ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

 

အခမ်းအနားအတွင်းမှာ လုံခြုံရေးအေးဂျင့်တချို့က သေနတ်ပစ်သံ ကြားရတယ်လို့ အော်ဟစ်နေ တာကို ကြားခဲ့ရပြီး နောက်ပိုင်းမှာတော့ သေနတ်နဲ့ပစ်ခတ်သူလို့ သံသယရှိသူကို ဖမ်းဆီးနိုင်ပြီလို့ လုံခြုံ ရေးအဖွဲ့က အကြောင်းကြားခဲ့ပါတယ်။

 

ကိုးကား – Reuters
Ref; Trump evacuated after security scare at White House correspondents’ dinner