ယူကရိန်းတပ်ဖွဲ့တွေရဲ့ တန်ပြန်ထိုးစစ်ကြောင့် ရုရှားဗိုလ်ချုပ်ကြီး ရာထူးခန့်အပ်ခံရပြီး ၁၆ ရက်အကြာမှာ ထုတ်ပယ်ခံရ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၂ ရက်

ယူကရိန်းတပ်ဖွဲ့တွေက အရေးပါတဲ့နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ပြီလို့ ကြေညာပြီးနောက် ရာ ထူးခန့်အပ်ခံရသည်မှာ ၁၆ ရက်သာရှိသေးတဲ့ ကြည်းတပ်တပ်မှူးတစ်ဦးကို ရုရှားနိုင်ငံက ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ရိုမန်ဘာဒီကော့ဗ်ကို သြဂုတ်လ ၂၆ ရက်က ရုရှားစစ်တပ်ရဲ့ အနောက်ပိုင်းစစ်ဘက် ခရိုင်ရဲ့ တပ်မှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ဆစ်ချီဗီရဲ့နေရာမှာ အစားထိုးပြီး ခန့်အပ်ခဲ့ပါတယ်။

သို့သော်လည်း ဒုတိယဗိုလ်ချုပ်ကြီး ရိုမန်ဘာဒီကော့ဗ်ဟာ ရာထူးမှာ နှစ်ပတ်ခန့်ကြာ တည်မြဲခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ထောက်လှမ်းရေးဌာနက ပြောပါတယ်။

စစ်ခေါင်းဆောင်ပိုင်း အပြောင်းအလဲက ကာကတ်ဗ်ဒေသမှာ ရုရှားတပ်ဖွဲ့တွေ ဖြိုခွင်းခံရတာကြောင့်ဖြစ် တယ်လို့ ယူကရိန်းနိုင်ငံက ပြောပါတယ်။ ယခုအခါ ရုရှားတပ်ဖွဲ့တွေကို ဒုတိယဗိုလ်ချုပ်ကြီး အလက်ဇန္ဒားလာပင် က ဦးဆောင်မယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတစ်ခုအတွင်း ဒုတိယဗိုလ်ချုပ်ကြီး ရိုမန်ဘာဒီကော့ဗ် သေဆုံးခဲ့တယ် ဆိုတဲ့ ကောလာဟလတွေ ဇွန်လအတွင်း ထွက်ပေါ်ခဲ့ပါသေးတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ရိုမန်ဘာဒီကော့ဗ်ဟာ ယခင်က ဆီးရီးယားနိုင်ငံရှိ ရုရှားတပ်ဖွဲ့တွေရဲ့ တပ်မှူးဖြစ်ခဲ့ ပြီး နောက်ပိုင်းမှာ ဒွန်ဘတ်စ်ဒေသရှိ ရုရှားတပ်ဖွဲ့တွေကိုဦးဆောင်စေခဲ့ပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေရဲ့ ထိရောက်သော တန်ပြန်ထိုးစစ်ကြောင့် ရုရှားတပ်ဖွဲ့တွေဟာ သိမ်းပိုက်ထားတဲ့ ဒေသတွေမှ ဆုတ်ခွာနေရပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေက ရုရှားနယ်စပ်မှ မိုင် ၃၀ အကွာအထိ ရုရှားတပ်ဖွဲ့တွေ ကို ပြန်မောင်းထုတ်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေက ကာကတ်ဒေသရှိ နယ်မြေအများစုကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာကြောင့် တိုင်း ပြည်ရဲ့ဒေသအချို့ ရုရှားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကိုခံရတာကြောင့် ဓာတ်အားနဲ့သောက်သုံးရေ ပြတ်တောက်မှု တွေ ဖြစ်ပေါ်နေပါတယ်။

ကိုးကား – The Independent

Ref; Putin ‘fires army commander after just 16 days’ amid major losses in Kharkiv