ဧရာဝတီတိုင်းမ်
(ဘီးလင်း)၊ ဧပြီ ၁၄ ရက်
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ လေးကေစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် စခန်း စွန့်ခွာထွက်ပြေးသွားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ယမန်နေ့ဧပြီ ၁၄ ရက်၊ သင်္ကြန်ကြိုနေ့တွင် တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လိုက်လံချေမှုန်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးကို အရှင်ဖမ်းမိခဲ့ကာ MA-4 ပူးတွဲ တစ် လက်၊ MA-2စက်လက် တစ် လက်၊ MA-3 လေးလက်၊ MA-1 သုံးလက်၊ ၅.၅၆ ကျည်တောင့်များ၊ ငါကြင်းမြီးကျည်တောင့်များ၊ လက်ပစ်ဗုံး၊ ကျည်ဘောက်၊ စကားပြောစက်နှင့် စစ်သုံးဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်မှ တပ်အထိုင်ချတပ်စွဲထားသေည့် လေးကေစခန်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ၅ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဧပြီ ၁၂ ရက်နေ့တွင်စခန်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကာ တပ်ဖွဲ့ဝင် ငါး ဦးသေဆုံးပြီး ဒုတပ်ရင်းမှူးအောင်သော် နှင့် အခြားတပ်သားတစ်ဦး ကိုအရှင်ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်သည်။
လေးကေစခန်းသိမ်းတိုက်ပွဲအား KNU တပ်မဟာ (၁) ရှိ KNLA တပ်ရင်းများ၊ KNDO၊ ABSDF၊ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ (၂၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ နည်းဗျူဟာ (၃၇) ကွပ်ကဲမှု အောက်ရှိတပ်ရင်းများ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ UOC စစ်ကြောင်း၊ FFD ဒရုန်းတပ်ဖွဲ့၊ ရောင်နီဒရုန်းတပ်ဖွဲ့၊ Cloud Wings ဒရုန်းတပ်ဖွဲ့၊ FFDF ဒရုန်းတပ်ဖွဲ့၊ Rangoon Warriors ဒရုန်းတပ်ဖွဲ့ ၊ KRF ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – အထူးတိုင်းစစ်ဌာန