ဧရာဝတီတိုင်းမ်
ဧပြီ ၁၂ ရက်
အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်က အီရန်နဲ့ ဆွေးနွေးမှုတွေဟာ ဘာသဘောတူညီချက်မှ မရဘဲ ပြီးဆုံးသွားပြီလို့ ဧပြီ ၁၁ ရက်မှာ ပြောလိုက်ပါတယ်။
အီရန်ဘက်က နျူကလီးယားလက်နက် မထုတ်လုပ်ဖို့ အမေရိကန်ရဲ့ စည်းကမ်းချက်တွေကို လက်မခံတာကြောင့် အခုလို ဆွေးနွေးပွဲ ပျက်သွားတာလို့ သူက ဆိုပါတယ်။
ပါကစ္စတန်နိုင်ငံရဲ့ မြို့တော် အစ္စလာမာဘတ်မှာ ၂၁ နာရီကြာအောင် ပြုလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲ အတွင်း ဂျေဒီဗန့်စ်ဟာ သမ္မတ ဒေါ်နယ်ထရမ့်အပါအဝင် အစိုးရအဖွဲ့ဝင်တွေနဲ့ အမြဲမပြတ် ဆက်သွယ်ပြီး ဆွေးနွေးခဲ့တာပါ။
“တကယ့်အရှိတရားကတော့ အီရန်အနေနဲ့ နျူကလီးယားလက်နက် လုံးဝမထုတ်လုပ်ပါဘူးဆိုတဲ့ ခိုင်မာတဲ့ ကတိကဝတ်မျိုး ကျွန်တော်တို့ လိုအပ်ပါတယ်။ နျူကလီးယားလက်နက်ကို အချိန်တိုအတွင်း အ မြန်ဆုံး ထုတ်လုပ်နိုင်စေမယ့် နည်းပညာနဲ့ ကိရိယာတွေကိုလည်း သူတို့ မပိုင်ဆိုင်ထားဖို့ လိုပါတယ်” လို့ ၎င်းက ဆိုပါတယ်။
“ဒါဟာ အမေရိကန်သမ္မတရဲ့ အဓိကပန်းတိုင်ပါပဲ။ ကျွန်တော်တို့ ဒီကနေ ထွက်ခွာသွားတဲ့အခါမှာ ရိုးရှင်းတဲ့ အဆိုပြုချက်တစ်ခု၊ နားလည်မှု ပုံစံတစ်ခုကို ချန်ထားခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ဘက်က ပေးနိုင်တဲ့ နောက်ဆုံးနဲ့ အကောင်းဆုံး ကမ်းလှမ်းချက်ဖြစ်ပြီး အီရန်ဘက်က ဒါကို လက်ခံမလားဆိုတာ စောင့်ကြည့်ရမှာပါ” လို့ သူက ပြောပါတယ်။
အီရန်က အနုမြူဗုံး ထုတ်လုပ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးလို့ အခိုင်အမာ ငြင်းဆိုထားပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့က ပြီးခဲ့တဲ့နှစ်ကရော၊ အခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့တဲ့ စစ်ပွဲအတွင်း အီရန်ရဲ့ အရေးကြီးတဲ့ နျူကလီးယားစခန်းတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
“မေးခွန်းက ရိုးရိုးလေးပါပဲ၊ အီရန်က နျူကလီးယားလက်နက် မထုတ်လုပ်ဖို့ ခိုင်မာတဲ့စိတ်ဆန္ဒရှိ တာကို ကျွန်တော်တို့ တွေ့ရမလားဆိုတာပါပဲ။ အခုလောလောဆယ်နဲ့ နောက်ထပ် ၂ နှစ် လောက်အတွက် တင် မဟုတ်ဘဲ ရေရှည်အတွက်ပါ သူတို့မှာ အဲဒီလို ကတိကဝတ်ရှိဖို့ လိုပါတယ်” လို့ ဂျေဒီဗန့်စ်က ဆက် ပြောပါတယ်။
“ပြီးခဲ့တဲ့ ၂၁ နာရီအတွင်းမှာ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ၆ ကြိမ်ကနေ ၁၂ ကြိမ်လောက်အထိ စ ကားပြောခဲ့တယ်” လို့ ၎င်းက ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ ဘဏ္ဍာရေးဝန်ကြီး စကော့ဘန်းဆင့်၊ အမေရိကန် ဗဟိုစစ်ဌာနချုပ် အကြီးအကဲ အက်ဒမီရယ် ဘရက်ဒ်ကူးပါး တို့နဲ့လည်း ဆွေးနွေးခဲ့တယ်လို့ ၎င်းက ပြောပါ တယ်။
“ကျွန်တော်တို့က ရိုးသားဖြောင့်မတ်စွာနဲ့ ညှိနှိုင်းဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် အဖွဲ့သား တွေနဲ့ အမြဲမပြတ် အဆက်အသွယ် လုပ်နေခဲ့တာပါ” လို့ ဂျေဒီဗန့်စ်က ထပ်လောင်းပြောပါတယ်။
ကိုးကား – AP
Ref; US Vice President JD Vance says talks with Iran have ended without reaching agreement