ဧရာဝတီတိုင်းမ်
ဧပြီ ၁၀ ရက်

ရုရှားသမ္မတ ဗလာဒီမာပူတင်က လာမယ့် စနေနေ့ မွန်းလွဲ ၄ နာရီကနေ တနင်္ဂနွေနေ့ကုန်အထိ ယူကရိန်းနဲ့ တိုက်ပွဲတွေကို ခေတ္တရပ်နားထားမယ်လို့ ကြေညာလိုက်ပါတယ်။

စုစုပေါင်း ၃၂ နာရီကြာ တိုက်ပွဲတွေ ရပ်ထားဖို့ ၎င်းက ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတည်းက ပြော ထားတာပါ။ ဒီကာလအတွင်း ရှေ့တန်းစစ်မျက်နှာပြင်အားလုံးမှာ တိုက်ခိုက်မှုတွေ ရပ်ထားဖို့ ရုရှား ကာ ကွယ်ရေးဝန်ကြီးနဲ့ စစ်ဖက်ဆိုင်ရာ အကြီးအကဲတွေကို ပူတင်က ညွှန်ကြားထား ပါတယ်။

ရုရှားက အခုလို ရပ်ဆိုင်းပေးသလိုမျိုး ယူကရိန်းကလည်း လိုက်နာလိမ့်မယ်လို့ ရုရှားအစိုးရက မျှော်လင့်နေပါတယ်။ ပြီးခဲ့တဲ့လက ယူကရိန်းသမ္မတ ဇီလန်စကီးဟာ အခုလိုမျိုး အပစ်ရပ်ဖို့ ကမ်းလှမ်း ချက်တစ်ခု လုပ်ခဲ့ဖူးပါတယ်။

သမ္မတ ဇီလန်စကီးက “ဒီနှစ် အီစတာပွဲတော်ကာလအတွင်းမှာ အပစ်ရပ်ဖို့ ကျွန်တော်တို့ ကမ်း လှမ်းခဲ့သလို အဲဒီအတိုင်းလည်း လိုက်နာသွားမယ်” လို့ ဒီနေ့ သောကြာနေ့မှာ ပြောလိုက်ပါတယ်။

“ပြည်သူတွေအနေနဲ့ ဘာခြိမ်းခြောက်မှုမရှိတဲ့ အီစတာပွဲတော်ကို ဖြတ်သန်းဖို့ လိုအပ်သလို ငြိမ်း ချမ်းရေးအတွက်လည်း လက်တွေ့ကျတဲ့ ခြေလှမ်းတွေ လိုအပ်တယ်” လို့ ၎င်းက ဆိုပါတယ်။

ဒါ့အပြင် အီစတာပွဲတော်ပြီးသွားရင် ရုရှားက တိုက်ခိုက်မှုတွေ ပြန်မလုပ်ဖို့ သူက တောင်းဆိုထား ပါတယ်။ ဒီနှစ်မှာ ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံလုံးက ခရစ်ယာန်အော်သိုဒေါ့စ် အသင်းတော်တွေဟာ ဧပြီလ ၁၂ ရက်နေ့မှာ အီစတာပွဲတော်ကို ကျင်းပကြမှာပါ။

ပြီးခဲ့တဲ့နှစ် ဧပြီလမှာ ပူတင်က အီစတာနဲ့ တိုက်ဆိုင်ပြီး နာရီ ၃၀ ကြာ အပစ်ရပ်မယ်လို့ တစ်ဖက် သတ် ကြေညာခဲ့ပေမဲ့ ရုရှားနဲ့ ယူကရိန်း နှစ်ဖက်စလုံးက တစ်ဖက်နဲ့တစ်ဖက် အပစ်ရပ်တာကို ချိုးဖောက် ပြီး တိုက်ခိုက်နေပါတယ်ဆိုပြီး အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။

ကိုးကား – NHK
Ref; Putin announces 32-hour Easter ceasefire with Ukraine