ဧရာဝတီတိုင်းမ်
ဧပြီ ၆ ရက်
အီရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က ဟော်မုဇ်ရေလက်ကြားဟာ အထူးသ ဖြင့် အမေရိကန်နဲ့ အစ္စရေးတို့အတွက် အရင်တုန်းကလို အခြေအနေမျိုး ဘယ်တော့မှ ပြန်ရောက်တော့မှာ မဟုတ်ဘူးလို့ တနင်္ဂနွေနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အီရန်အနေနဲ့ ပါရှန်းပင်လယ်ကွေ့မှာ ကိုယ်တိုင်ဦးဆောင်တဲ့ “လုံခြုံရေး စီစဉ်မှုသစ်” တစ်ခုကို အ ကောင်အထည်ဖော်နေတာဖြစ်ပြီး ရန်သူလို့ သတ်မှတ်ထားတဲ့နိုင်ငံတွေကို ပိတ်ပင်သွားဖို့ ရည်ရွယ်ထား တာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး IRGC ရေတပ်က “ပင်လယ်ကွေ့အတွက် စီစဉ်ထားတဲ့ အမိန့်သစ် (New Order)” ကို အကောင်အထည်ဖော်ဖို့ နောက်ဆုံးအဆင့် ပြင်ဆင်နေပြီလို့ ဆိုပါတယ်။
အီရန်ပါလီမန်က ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာတဲ့ သင်္ဘောတွေကို ဖြတ်သန်းခ ကောက်ခံမယ့် ဥပဒေမူကြမ်းကို ကော်မတီအဆင့်မှာ အတည်ပြုထားပြီး အမေရိကန်နဲ့ အစ္စရေးသင်္ဘော တွေကို ဖြတ်သန်းခွင့် လုံးဝပိတ်ပင်ဖို့နဲ့ အီရန်အပေါ် ပိတ်ဆို့မှုတွေ လုပ်ထားတဲ့ နိုင်ငံတွေကို ကန့်သတ် ချက်တွေ ထားရှိဖို့ ပါဝင်ပါတယ်။
အီရန်မီဒီယာတွေရဲ့ အဆိုအရ အခုဥပဒေမူကြမ်းမှာ ရေလက်ကြားကို ဖြတ်သန်းတဲ့ သင်္ဘောတွေ ဟာ အီရန်ငွေကြေးနဲ့ ဖြတ်သန်းခပေးဆောင်ရမှာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ အစ္စရေးသင်္ဘောတွေကို လုံးဝဖြတ်သန်းခွင့် ပိတ်ပင်ထားသလို အီရန်အပေါ် ပိတ်ဆို့ အရေးယူမှုတွေမှာ ပါဝင်တဲ့ နိုင်ငံတွေကိုလည်း ကန့်သတ်ချက်တွေ ထုတ်ပြန်ထားပါတယ်။
ဒီဥပဒေမှာ ရေလက်ကြားအပေါ် အီရန်ရဲ့ အချုပ်အခြာအာဏာ ကျင့်သုံးမှု၊ စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်နဲ့ အိုမန်နိုင်ငံနဲ့ ဥပဒေကြောင်းအရ ပူးပေါင်းဆောင်ရွက်မယ့် အချက်တွေလည်း ပါဝင်ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို စတင်တိုက်ခိုက်ခဲ့ရာမှာ အီရန် ခေါင်းဆောင် ခါမေနီ အပါအဝင် လူပေါင်း ၁,၃၄၀ ကျော် သေဆုံးခဲ့ရပြီးတဲ့နောက် ဒေသတွင်း တင်းမာမှု တွေ ပိုပြင်းထန်လာပါတယ်။
အီရန်က လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးအပြင် အမေရိကန်စစ်စခန်းတွေရှိတဲ့ ဂျော်ဒန်၊ အီရတ်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူသေဆုံးမှုနဲ့ အဆောက်အ အုံ ပျက်စီးမှုတွေရှိခဲ့သလို ကမ္ဘာ့ဈေးကွက်နဲ့ လေကြောင်းလိုင်းတွေကိုပါ အကြီးအကျယ် ထိခိုက်စေခဲ့ပါ တယ်။
ကိုးကား – Anadolu
Ref; Iran’s Revolutionary Guard Navy warns Strait of Hormuz will ‘never return to its former state’ for US, Israel