ဧရာဝတီတိုင်းမ်
ဧပြီ ၄ ရက်

သောကြာနေ့က အီရန်နိုင်ငံအတွင်း အမေရိကန် တိုက်လေယာဉ်တစ်စင်း ပစ်ချခံလိုက်ရတယ်လို့ တာဝန်ရှိသူတွေက အတည်ပြုလိုက်ပါတယ်။

လေယာဉ်ပေါ်ပါလာတဲ့ အဖွဲ့ဝင်တစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ဒါဟာ လွန်ခဲ့တဲ့ ငါးပတ်နီးပါးက စ တင်ခဲ့တဲ့ အီရန်စစ်ပွဲအတွင်းမှာ အမေရိကန်တိုက်လေယာဉ်တစ်စင်း ပထမဆုံးအကြိမ် ပစ်ချခံရတာ ဖြစ် ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ အီရန်ကို အပြတ်အသတ် ချေ မှုန်းထားပြီးပြီဖြစ်သလို ဒီစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်တော့မယ်လို့ ပြောကြားခဲ့ပြီး နှစ်ရက်အကြာမှာ အခုလို တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

အမေရိကန်စစ်တပ်က ရှာဖွေရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်နေတုန်းမှာပဲ အခုလို ကယ်ဆယ်မှု ဖြစ်ပေါ်ခဲ့တာလို့ အမေရိကန်နဲ့ အစ္စရေး တာဝန်ရှိသူတွေက ပြောပါတယ်။ အမည်မဖော်လိုသူသုံးဦးက ရှာ ဖွေရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်နေတာကို အတည်ပြုပေးခဲ့ပါတယ်။

သောကြာနေ့မှာ အရှေ့အလယ်ပိုင်းဒေသအတွင်း ဒုတိယမြောက် အမေရိကန် တိုက်လေယာဉ် တစ်စင်း ထပ်မံပျက်ကျသွားတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိတစ်ဦးက ပြောပါတယ်။

အဲဒီလေယာဉ်ဟာ နည်းပညာချို့ယွင်းချက်ကြောင့် ပျက်ကျတာလား ပစ်ချခံရတာလား ဆိုတာနဲ့ အီရန်နိုင်ငံနဲ့ ပတ်သက်မှုရှိမရှိကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးသလို လေယာဉ်အမှုထမ်းတွေရဲ့ အ ခြေအနေနဲ့ လေယာဉ်ပျက်ကျတဲ့နေရာကိုလည်း အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်စစ်တပ်ရဲ့ စွမ်းဆောင်ရည်တွေကို အကုန်နီးပါး ဖျက်ဆီးပစ်နိုင် ပြီလို့ ပြောဆိုနေကြပေမဲ့ အီရန်က သောကြာနေ့မှာ အရှေ့အလယ်ပိုင်းက ပစ်မှတ်တွေကို ဆက်တိုက်ပစ် ခတ်ခဲ့ရာ အစ္စရေးနဲ့ အိမ်နီးချင်း ပင်လယ်ကွေ့အာရပ်နိုင်ငံတွေအပေါ် ဖိအားတွေ ဆက်ရှိနေစေပါတယ်။

အီရန်က ပင်လယ်ကွေ့ဒေသရှိ စွမ်းအင်ဆိုင်ရာအဆောက်အအုံတွေကို တိုက်ခိုက်တာ၊ ကမ္ဘာ့ရေနံ နဲ့ သဘာဝဓာတ်ငွေ့ ငါးပုံတစ်ပုံလောက် ဖြတ်သန်းနေရတဲ့ ဟော်မုဇ်ရေလက်ကြားကို တင်းတင်းကျပ် ကျပ် ထိန်းချုပ်ထားတာတွေကြောင့် ကမ္ဘာ့စတော့ဈေးကွက်တွေ ကမောက်ကမဖြစ်ပြီး ရေနံဈေးနှုန်းတွေ အဆမတန် မြင့်တက်သွားခဲ့ပါတယ်။

အခုဖြစ်ပွားနေတဲ့ ပဋိပက္ခအတွင်းမှာ အမေရိကန်အနေနဲ့ အီရန်ပိုင်နက်ထဲမှာ ပထမဆုံးအကြိမ် လေယာဉ်ဆုံးရှုံးခဲ့ရတာဖြစ်လို့ ဒီဖြစ်ရပ်ဟာ အမေရိကန်စစ်တပ်အပေါ် ဖိအားတွေ ပိုမိုသက်ရောက်လာ စေနိုင်တဲ့ အခြေအနေလည်း ဖြစ်လာနိုင်ပါတယ်။

ကိုးကား – AP
Ref; Two US fighter jets downed in Mideast, one crew member rescued