ဧရာဝတီတိုင်းမ်
ဧပြီ ၃ ရက်
အမေရိကန်နဲ့ အီရန်တို့ စစ်ဖြစ်နေတဲ့ကာလအတွင်း အမေရိကန်ကြည်းတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကြီး ရန်ဒီဂျော့ခ်ျကို ရာထူးကနေ ချက်ချင်းနုတ်ထွက်ပြီး အငြိမ်းစားယူပေးဖို့ ကာကွယ်ရေးဝန်ကြီး ပိတ် ဟက်ဆက်သ်က သောကြာနေ့မှာ တောင်းဆိုလိုက်ပါတယ်။
သူ့နေရာမှာတော့ လက်ရှိ ကြည်းတပ်ဒုတိယဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး ခရစ်စတိုဖာလာနေးဗ် က ဆက်ခံသွားမှာ ဖြစ်ပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်က ဒီလိုမျိုး ရာထူးကနေ ဖယ်ရှားရတဲ့ အကြောင်းရင်းကို တရားဝင် ထုတ် ဖော်ပြောဆိုခြင်း မရှိပေမဲ့ CBS News ရဲ့ သတင်းရင်းမြစ်တွေကတော့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကြည်း တပ်ဆိုင်ရာ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ပေးနိုင်မယ့်သူကို လိုချင်တဲ့အတွက် ကာကွယ် ရေးဝန်ကြီးက အခုလိုမျိုး ပြောင်းလဲလိုက်တာပါလို့ ပြောပါတယ်။
Fox News သတင်းဌာနရဲ့ ဖော်ပြချက်အရ အမေရိကန်စစ်ဌာနချုပ်မှ အရာရှိကြီးတစ်ဦးက အခု လို ဖွင့်ဟပြောဆိုလိုက်ပါတယ်။ ကာကွယ်ရေးဝန်ကြီး ဟက်ဆက်သ်ဟာ ကြာသပတေးနေ့မှာ ကြည်းတပ် ဦးစီးချုပ် ရန်ဒီဂျော့ခ်ျဆီကို ဆက်သွယ်ခဲ့ပြီး ကြည်းတပ်မှာ ခေါင်းဆောင်မှု အပြောင်းအလဲလုပ်ဖို့ အချိန် တန်ပါပြီလို့ ပြောဆိုကာ ချက်ချင်း အငြိမ်းစားယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီးဟာ ကြည်းတပ်ဦးစီးချုပ်ကို ရာထူးကနေ ဘာကြောင့် အနားယူခိုင်းရတယ် ဆိုတဲ့ အကြောင်းရင်းကိုတော့ တစ်စုံတစ်ရာ ရှင်းပြခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။
ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ရှောင်ပါနယ်က ကြည်းတပ်ဦးစီးချုပ် ဂျော့ခ်ျဟာ ၄၁ ဦးမြောက် ကြည်းတပ်ဦးစီးချုပ် ရာထူးကနေ ချက်ချင်း အနားယူတော့မှာ ဖြစ်ပါတယ်လို့ အတည်ပြုခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး ဂျော့ခ်ျရဲ့ ဆယ်စုနှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့မှုတွေအတွက် ကာကွယ် ရေးဝန်ကြီးဌာနက ကျေးဇူးတင်ရှိကြောင်းနဲ့ အငြိမ်းစားယူတဲ့အခါမှာလည်း ဘေးကင်းကျန်းမာပါစေ ကြောင်း ၎င်းက ဆုတောင်းပေးခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး ဂျော့ခ်ျဟာ ဝက်စ်ပွိုင့်စစ်တက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့တဲ့ ခြေလျင်တပ်အရာရှိတစ်ဦး ဖြစ်ပြီး ပင်လယ်ကွေ့စစ်ပွဲမှာ ပါဝင်ခဲ့သလို အီရတ်နဲ့ အာဖဂန်နစ္စတန် စစ်ပွဲတွေမှာလည်း တာဝန်ထမ်း ဆောင်ခဲ့ဖူးပါတယ်။
သူဟာ ၂၀၂၃ ခုနှစ်မှာ အမေရိကန်ကြည်းတပ်ရဲ့ အမြင့်ဆုံးရာထူးကို ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး ဒီရာ ထူးအတွက် သက်တမ်းကတော့ ပုံမှန်အားဖြင့် လေးနှစ် ဖြစ်ပါတယ်။
ကိုးကား – Reuters
Ref; Pete Hegseth asks US Army chief Randy George to step down, retire immediately