ဧရာဝတီတိုင်းမ်
ဧပြီ ၁ ရက်
သမ္မတ ဒေါ်နယ်ထရမ့်က အီရန်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ နောက်ထပ် ၂ ပတ်မှ ၃ ပတ်အတွင်း ပြန်ထွက်ခွာတော့မယ်လို့ ပြောလိုက်တာကြောင့် အခုလက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေ အဆုံးသတ်တော့မယ့် အရိပ်အယောင်လည်း ဖြစ်ပါတယ်။
အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားရာမှာတော့ ဒေါ်နယ်ထရမ့်က “ကျွန်တော်တို့ လုပ်ဖို့ကျန်တာက အီရန်ကနေ ထွက်ဖို့ပဲ၊ ဒါကိုလည်း အမြန်ဆုံး လုပ်သွားမှာပါ။ အချိန်အတိအကျကိုတော့ ၂ ပတ် ဒါမှမဟုတ် ၃ ပတ်လောက်ပဲ ကြာလိမ့်မယ်” လို့ သူက ခန့်မှန်းပါတယ်။
စစ်ဆင်ရေး ရပ်တန့်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီးတော့လည်း အီရန်ကို နျူကလီးယားလက် နက် မရရှိအောင် တားဆီးဖို့ဆိုတဲ့ သူတို့အစိုးရရဲ့ ရည်မှန်းချက်ဟာ အောင်မြင်သွားပြီလို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
“အီရန်မှာ နျူကလီးယားလက်နက် ရှိလာတော့မှာ မဟုတ်ပါဘူး၊ အဲဒီပန်းတိုင်ကို ကျွန်တော်တို့ ရရှိသွားပါပြီ” လို့ သူက အခိုင်အမာ ပြောဆိုပါတယ်။
အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်စစ်တပ်ဟာ အတော်လေး အားနည်းသွားပြီလို့ ၎င်း က ပြောပါတယ်။ အီရန်အနေနဲ့ စစ်အင်အားကို ပြန်လည်တည်ဆောက်ဖို့ဆိုရင် အနည်းဆုံး ၁၅ နှစ်ကနေ အနှစ် ၂၀ လောက်အထိ အချိန်ယူရလိမ့်မယ်လို့ သူက ဆိုပါတယ်။
“ကျွန်တော်တို့က အီရန်ကနေ အမြန်ဆုံး ပြန်ထွက်တော့မှာပါ။ တကယ်လို့ ပြင်သစ် ဒါမှမဟုတ် တခြားနိုင်ငံတွေက ရေနံနဲ့ သဘာဝဓာတ်ငွေ့ လိုချင်တယ်ဆိုရင်တော့ ဟော်မုဇ်ရေလက်ကြားကနေပဲ သွားကြရပါလိမ့်မယ်” လို့ ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ဟာ ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက အီရန်ကို လေကြောင်းကနေ တိုက် ခိုက်ခဲ့ရာ အီရန်အာဏာပိုင်တွေရဲ့ အဆိုအရ လူပေါင်း ၁,၃၄၀ ကျော် သေဆုံးသွားပြီလို့ သိရပါတယ်။
အီရန်က အစ္စရေးနဲ့ အမေရိကန်တပ်တွေရှိနေရာ ဂျော်ဒန်၊ အီရတ်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေကိုပါ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့ရာ အမေရိကန်စစ်သည် ၁၃ ဦး အနည်းဆုံး သေဆုံးခဲ့ တယ်လို့ သိရပါတယ်။
ဒီပဋိပက္ခကြောင့် ကမ္ဘာ့လောင်စာဆီဈေးနှုန်းတွေ တက်လာသလို၊ ကမ္ဘာ့ရေနံတင်ပို့မှုအတွက် အ ဓိကကျတဲ့ ဟော်မုဇ် ရေလက်ကြားလမ်းကြောင်းမှာလည်း ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်ကုန်ပါ တယ်။
ကိုးကား – TRT World
Ref; Trump says US will leave Iran within 2-3 weeks