ပန်းတနော်မြို့တွင် အမျိုးသမီးတစ်ဦး ကိုဗစ်ရောဂါကူးစက်ခံရ

ဧရာဝတီတိုင်းမ်

စက်တင်ဘာ ၁၁ ရက်

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် မင်းဆယ်ကျေးရွာတွင် အမျိုးသမီးတဦးတွင် ကိုဗစ်ရောငါ ရောဂါပိုး စတင်တွေ့ရှိကြောင်းသတင်းရရှိသည်။

အဆိုပါအမျိုးသမီးသည် ရောဂါအခံကြောင့်ဆေးရုံတက်ရောက်ကုသခဲ့ရာမှ ကိုဗစ်ပိုးရှိမရှိ စမ်းသပ်စစ်ဆေးရာ ပိုးတွေ့ရှိကြောင်း ၎င်းနှင့်နီးစပ်သူများထံမှသိရသည်။

“အခုလိုပြန်တွေ့တာ ကျတော်တို့အနေနဲ့ ဒီရောဂါကို ပေါ့ဆနေလို့မရတော့ဘူး၊လက်ရှိအခြေအနေကလဲ ကုန်ဈေးနှုန်းတွေကလဲ တအားမြင့်တက်လာတာရယ် ဒီရောဂါပိုးသာအရင်လိုသာ ပြန်ဖြစ်ရင်တော့ အခြေခံလူတန်းစားတွေအတွက် အခက်အခဲများစွာ ဖြစ်တော့မှာပါ၊ဒါကြောင့် ပေါ့ပေါ့ဆဆမနေကြဖို့တော့ တိုက်တွန်းချင်တယ်”ဟုမြို့ခံတစ်ဦးက

ဧရာဝတီတိုင်းမ်ကိုပြောသည်။

၎င်းရောဂါပိုးရှိသူနှင့်ထိစပ်သူ(၄)ဦးကို တာဝန်ရှိသူများက ကွာရာတင်းထားရှိကြောင်း နီးစပ်သူများထံမှသိရသည်။

အဆိုပါ ရောဂါပိုးတွေ့ရှိသူသည် ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားသူဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။