
စက်တင်ဘာလ ၁၀ ရက်နေ့ နိုင်ငံတဝှမ်း ဖြစ်ပွားခဲ့သောသတင်းများ
(Ayeyarwaddy Times News SMS)
– ဒေါ်လာဈေးမြင့်တက်မှုကြောင့် ဆေးကုမ္မဏီများ ဆေးပစ္စည်းအချို့တင်သွင်းမှု ယာယီရပ်ဆိုင်းထား၊ ဈေးကွက်ထဲ၌ ဆေးဝါးတချို့ပြတ်လပ်နေ
– သန်လျင် တာဝကွက်သစ်ရပ်ကွက်ရှိ ပြည်သူလူထု နေအိမ်များကို စစ်ကောင်စီဖျက်ခိုင်း
– ရေလယ်ကျွန်းဒေသ မိဖုရားရွာကို စစ်ကောင်စီတပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီး
– ထားဝယ်တွင် သပိတ်ကော်မတီဝင် လူငယ် ၂ ဦး အဖမ်းခံရ
– မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်း-ဂုပ္ပိ တောင်ကျော်လမ်းမှာ စစ်ကောင်စီ နဲ့ အေအေ တိုက်ပွဲပြင်းထန်နေ
– မြစ်ကြီးနားရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရ
– မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်း ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခံရ
– မြဝတီ-ဝေါ်လေလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို KNLA က ဖမ်းဆီး
– မောင်တောရှိ မီးတိုက်ကျေးရွာ နယ်ခြားစောင့်စခန်းကို အေအေ ဝင်တိုက်
– ရက္ခိုင့်အာဇာနည် ဆရာတော် ဦးဥတ္တမနေ့ ၈၃ နှစ်မြောက်အခမ်းနား ကျင်းပ