ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်

 

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင်းအတွင်း တပ်စွဲထားသည့် စစ်ကော်မရှင်တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြကြောင်း PDF တပ်ဖွဲ့ဝင်များထံကသိရသည်။

 

မြိုင်မြို့နယ်၊ မပျူရွာတွင် တပ်စွဲထားသည့် အဆိုပါ တပ်ကြပ်တစ်ဦးနှင့်ရဲဘော်တစ်ဦးမှာ MA1သေနတ်တစ်လက်၊ ကျည်ဘောက်တစ်ခု၊ ကျည်ဆံ ၃၀တောင့်၊ MA3တစ်လက်၊ ကျည်ဘောက် သုံးခု၊ ကျည်ဆံ၆၀တောင့်တို့နှင့်အတူ အလင်းဝင်ရောက်လာခြင်းဖြစ်သည်။

“မနေ့က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ကြတာ၊ အသက် ၂ဝတစ်ယောက်၊ ၂၃တစ်ယောက်၊ လောဆယ် တပ်ထဲမှာရှိတယ်။ ဆု‌ငွေတွေလဲချီးမြှင့်ထားပါတယ်”ဟု နဂါးနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်မီးတောက်က ဧရာဝတီတိုင်းမ်ကို‌ပြောသည်။

 

လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာသူများကို တစ်ဦးလျှင် ကျပ်‌ငွေ သိန်း ၂၀စီချီးမြှင့်ထားပြီး စခန်းအတွင်း ဘေးကင်းလုံခြုံစွာထားရှိကြောင်း သိရသည်။

 

ဓာတ်ပုံ-ပေးပို့
ပုံစာ-PDF တပ်ဖွဲ့ထံ အလင်းဝင်လာသည့် စစ်ကော်မရှင်တပ်ကြပ်ကြီးတစ်ဦးနှင့်တပ်သားတစ်ဦး