ဧရာဝတီတိုင်းမ်
မတ် ၁၃ ရက်
အီရတ်နိုင်ငံအနောက်ပိုင်းမှာ အမေရိကန် လောင်စာဆီဖြည့်လေယာဉ်တစ်စင်းကို ပစ်ချခဲ့ရာ အ မှုထမ်းတွေ သေဆုံးခဲ့တယ်လို့ အီရန်နိုင်ငံက ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေက အမေရိကန်ဆီဖြည့်လေယာဉ်ကို ဒုံးကျည်တွေနဲ့ ပစ်ချခဲ့တာလို့ အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့နဲ့ ဆက်နွှယ်တဲ့ ခါတန်အယ်လ်အန်ဘီယာ စစ်ဌာနချုပ်မှ ပြော ရေးဆိုခွင့်ရှိသူတစ်ဉီးကို ကိုးကားပြီး အီရန်နိုင်ငံပိုင်ရုပ်သံဌာနက ဖော်ပြပါတယ်။
အဆိုပါလေယာဉ်ကို အမေရိကန်စစ်တပ်က ပိုင်ဆိုင်ပြီး လေယာဉ်အမှုထမ်းအားလုံး သေဆုံးခဲ့ တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
အီရန်စစ်ဆင်ရေးတစ်ခုအတွင်း အီရတ်နိုင်ငံအနောက်ပိုင်းမှာ KC-135 ဆီဖြည့်လေယာဉ်တစ် စင်း ပျောက်ဆုံးခဲ့တယ်လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က ကြာသပတေးနေ့မှာ ပြော ကြားခဲ့ပါတယ်။
Epic Fury စစ်ဆင်ရေးအတွင်း အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်မှာ လေယာဉ်နှစ်စင်း ပါဝင်ခဲ့ တယ်လို့ CENTCOM က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
အီရတ်နိုင်ငံအနောက်ပိုင်းမှာ လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး ဒုတိယလေယာဉ်မှာ ဘေးကင်းခဲ့ ကာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ကိုးကား – Anadolu
Ref; Iranian military claims US refueling aircraft was shot down in western Iraq, crew killed