ထီးလင်းတွင် ဒေသကာကွယ်ရေးတပ်များမှ လုံခြုံရေးဂိတ်များဖွင့်လှစ်ပြီး ခရီးသွားပြည်သူများကို လုံခြုံရေးများဆောင်ရွက်ပေး

ဧရာဝတီတိုင်းမ်

စက်တင်ဘာ ၁၀ ရက်

မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် အများပြည်သူ လုံခြုံစွာသွားလာ နိုင်ရန်အတွက်လုံခြုံရေးဂိတ် ၄ ဂိတ် ဖွင့်လှစ်ကာ ခရီးသွားပြည်သူများ လုံခြုံရေးဆောင်ရွက်‌ပေးနေကြောင်း YDF- Htilin မှ ဒီကနေ့ စက်တင်ဘာလ ၁၀ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

ဂိတ်များတွင် ငွေကြေးကောက်ခံခြင်း ပြုလုပ်မည်မဟုတ်ဘဲ လုံခြုံရေးအရစစ်ဆေးခြင်းတွင်ပူးပေါင်းရန်၊ ဂိတ်တွင် ငွေကြေးပေးဆောင်လှူဒါန်းခြင်းများမလုပ်ရန်၊ တားမြစ်ပစ္စည်းများသယ်ယူခြင်းမပြုရန်၊ တပ်ဖွဲ့ဝင်များမှခြိမ်းခြောက်ငွေတောင်းခံမှုပြုလုပ်ပါက YDF-Htilin သို့ တိုင်ကြားရန် စသည့် လိုက်နာဆောင်ရွက်ရမည့် အချက်များကိုလည်း

အသိပေးထုတ်ပြန်ထားပါသည်။

ဓာတ်ပုံ-YDF-Htilin

#Ayeyarwaddy_Times