ဧရာဝတီတိုင်းမ်
ဇွန်လ ၂၉ ရက်
ဧရာဝတီတိုင်း၊ ငရုတ်ကောင်းမြို့မှာ ဇွန်လ ၂၉ ရက်နေ့က စစ်ကောင်စီသတင်းပေး ရမ်းကုဆေးဆရာ ၁ ဦး ပင့်ကူ အကိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အလယ်ရွာမှာနေတဲ့ စစ်ကောင်စီသတင်းပေး အေးကျော်ဆိုသူဟာ သူသတင်းပေးလို့ ဖမ်းဆီးခံရသူ သေဆုံးပြီး ၁၅ ရက်အကြာမှာ ခုလိုမျိုး ပင့်ကူအကိုက်ခံရပြီးသေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ သူသတင်းပေးလို့ အဖမ်းခံလိုက်ရတဲ့သူက စစ်ကြောရေးမှာဆုံးသွားတာ ၁၅ ရက်လောက်ရှိပြီ။ ကိုကရင်ဆုံးပြီး သူက ပင့်ကူအကိုက်ခံရတာ။ အဆိပ်တက်ပြီးသေတာ။ ဝဋ်လိုက်တဲ့သဘောမျိုးပေါ့”လို့ ဒေသခံတဦးက ပြောပါတယ်။
ငရုတ်ကောင်းဒေသက အုန်းပင်တက်သူ ကိုကရင်ဆိုသူကို PDF နဲ့ ပတ်သတ်တယ်ဆိုပြီး သတင်းပေးမှုကြောင့် စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ခဲ့တဲ့နောက် ကိုကရင်ဟာ စစ်တပ်ရဲ့နှိပ်စက်မှုကြောင့် စစ်ကြောရေးမှာတင် သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ပင့်ကူအကိုက်ခံရလို့ သေဆုံးခဲ့တဲ့ ရမ်းကုဆေးဆရာ အေးကျော်ကြောင့် ရွာနဲ့ အနီးဝန်ကျင်းက ပြည်သူတွေ အမျးအပြားအဖမ်းခံရပြီး အဲ့အထဲက အမျိုးသား ၁ ဦးသေဆုံးပြီးနောက်ပိုင်း ၁၅ ရက်အကြာမှာ သူသေဆုံးခဲ့တာ လို့ဆိုပါတယ်။
Photo – Google