ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၉ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့အစိုးရဟာ မကြာမီ အီရန်နိုင်ငံကို အင်အားအများအပြားနဲ့ စစ်ဆင်ရေးတစ်ရပ် ပြုလုပ်နိုင်တယ်လို့ အမေရိကန် မီဒီယာတစ်ခုက ဖော်ပြပါတယ်။
အမေရိကန်အစိုးရဟာ မကြာမီ အီရန်အပေါ် စစ်ဆင်ရေးတစ်ရပ် စတင်နိုင်တယ်လို့ Axios သ တင်းဌာနက ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့ပါတယ်။
အီရန်မှာလုပ်မယ့် အမေရိကန်ရဲ့ စစ်ဆင်ရေးဟာ အင်အားများပြားပြီး သီတင်းပတ်ချီ ကြာမြင့် ဖွယ်ရှိတယ်လို့ အဆိုပါသတင်းဌာနက ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လအတွင်း အီရန် နျူကလီးယားအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တာထက် ပိုပြီး ကျယ်ပြန့်တဲ့ အမေရိကန်-အစ္စရေး ပူးတွဲစစ်ဆင်ရေးတစ်ရပ် ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
အီရန်နိုင်ငံကို တိုက်ခိုက်ဖို့ အကြောင်းရင်းတွေ၊ အငြင်းပွားစရာတွေ များစွာရှိတယ်လို့ အိမ်ဖြူ တော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်းလီဗစ်က သတင်းထောက်တွေကို ပြောပါတယ်။
ဒေါ်နယ်ထရမ့်ဟာ အီရန်ဖြစ်စေ ကမ္ဘာတစ်ဝှမ်း မည်သည့်နိုင်ငံကိုမဆိုဖြစ်စေ လေးစားသမှုနဲ့ အ မြဲ ရှင်းလင်းစွာ ပြောကြားခဲ့ပြီး သံခင်းတမန်ခင်းဟာ အမြဲ ပထမ ရွေးချယ်စရာတစ်ခုဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။
အီရန်နိုင်ငံဟာ ဒေါ်နယ်ထရမ့်၊ အမေရိကန်အစိုးရနဲ့ သဘောတူညီချက်တစ်ရပ် ပြုလုပ်ဖို့ အလွန် အမြော်အမြင်ရှိနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
အမေရိကန်နဲ့အီရန်ကြား အင်္ဂါနေ့ကပြုလုပ်ခဲ့တဲ့ အဆင့်မြင့် ဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ နှစ် ဖက်စလုံးဟာ ကိစ္စအချို့မှာ သဘောထားကွဲလွဲနေဆဲလို့ ကာရိုလိုင်းလီဗစ်က ပြောပါတယ်။
အီရန်နိုင်ငံက လာမယ့်သီတင်းပတ်တွေအတွင်း အသေးစိတ် အဆိုပြုချက်တွေ တင်ပြမယ်လို့ မျှော်မှန်းရတယ်လို့ ၎င်းက ဆိုပါတယ်။
ကိုးကား – NHK
Ref; US media: Trump administration may soon launch massive strikes on Iran