ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၈ ရက်
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်က ထိုင်းစစ်တပ်ဟာ ပြီးခဲ့တဲ့နှစ် တိုက်ပွဲတွေအပြီးမှာ သူ့ နိုင်ငံပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက် တပ်စွဲခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၇ ရက်က ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြားဝင်စေ့စပ်ပေးထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီ ချက်ရှိနေပေမယ့် ထိုင်းဘက်က ဆုတ်ခွာခြင်းမရှိဘူးလို့ သူက ဆိုပြီး နယ်စပ်မျဉ်းကိစ္စကို ပူးတွဲကော်မရှင် နဲ့ စတင်စစ်ဆေးဖို့ ထိုင်းကို တောင်းဆိုလိုက်ပါတယ်။
ဟွန်မာနက်ဟာ ဒေါ်နယ်ထရမ့် အသစ်ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ရဲ့ အစည်းအဝေး တက်ရောက်ဖို့ ဝါရှင်တန်ကို ရောက်နေတာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက အပစ်အခတ်ရပ်စဲခဲ့ပေမယ့် နယ် စပ်အခြေအနေက စိုးရိမ်စရာရှိနေသေးလို့ ဒီအဖွဲ့ကနေတစ်ဆင့် တင်းမာမှုတွေ လျှော့ချနိုင်ဖို့ သူက မျှော် လင့်နေပါတယ်။
ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို ဂါဇာငြိမ်းချမ်းရေးအတွက် အဓိကရည်ရွယ်ပြီး ဖွဲ့ထားတာဖြစ်ပေမဲ့ တ ခြားကမ္ဘာ့ပဋိပက္ခတွေကိုပါ ဖြေရှင်းပေးနိုင်မယ်လို့ ဒေါ်နယ်ထရမ့်က ပြောထားပါတယ်။
ထိုင်းနိုင်ငံက နယ်စပ်မှာ တပ်စွဲထားတာဟာ တင်းမာမှုလျှော့ချရေး အစီအစဉ်ရဲ့ အစိတ်အပိုင်း တစ်ခုပဲဖြစ်ပြီး တခြားနိုင်ငံရဲ့နယ်မြေကို ကျူးကျော်ထားတာမျိုး မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
“ထိုင်းစစ်တပ်ဟာ နေရာတော်တော်များမှာ ကမ္ဘောဒီးယားပိုင်နက်ထဲကို ကျူးကျော်ပြီး တပ်စွဲ ထားတုန်းပါပဲ။ ဒါဟာ ထိုင်းနိုင်ငံကိုယ်တိုင်က သူတို့ပိုင်နက်ပါလို့ တစ်ဖက်သတ် သတ်မှတ်ထားတဲ့ နယ် စပ်မျဉ်းထက်တောင် ကျော်လွန်နေတာဖြစ်တယ်” လို့ ဟွန်မာနက်က ပြောပါတယ်။
“ထိုင်းစစ်တပ်ဟာ ကမ္ဘောဒီးယားပိုင်နက်လို့ အသိအမှတ်ပြုထားတဲ့ နေရာတွေထဲအထိ ကုန်တင် ကွန်တိန်နာတွေ၊ ဆူးကြိုးတွေနဲ့ ပိတ်ဆို့ထားတာကြောင့် ဒေသခံတွေလည်း အိမ်ပြန်လို့ မရကြဘူး။ ဒါဟာ စွပ်စွဲနေတာမဟုတ်ဘူး၊ မြေပြင်မှာ တကယ်ဖြစ်နေတဲ့ အချက်အလက်တွေကို ပြောပြနေတာပါ” လို့ သူက ဆိုပါတယ်။
အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို ထိပါးစော်ကားတာမျိုးကို ကမ္ဘောဒီးယားအနေ နဲ့ ဘယ်လိုမှ လက်ခံနိုင်မှာ မဟုတ်ဘူးလို့ ၎င်းက ဆက်ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ဟာ နယ်စပ်ပဋိပက္ခတွေ ဖြစ်ပွားပြီးနောက်ပိုင်းမှာ အ မျိုးသားရေးဝါဒကို အသုံးချပြီး ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တာပါ။
“ရွေးကောက်ပွဲ ပြီးသွားပြီဆိုတော့ နည်းပညာပိုင်းဆိုင်ရာအရ နယ်စပ်မျဉ်းတွေကို စပြီး တိုင်းတာ တာ၊ အငြင်းပွားနေတဲ့ နေရာတွေမှာ နယ်နိမိတ် သတ်မှတ်တာတွေကို ထိုင်းဘက်က စလုပ်ပေးမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့ ဒေသခံတွေ ပုံမှန်ဘဝအတိုင်း ပြန်နေထိုင်နိုင်မှာ ပါ” လို့ ဟွန်မာနက်က ပြောပါတယ်။
ကိုးကား – Reuters
Ref; Cambodian PM says Thailand occupying territory after Trump-brokered ceasefire