ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၆ ရက်
မြန်မာစစ်အုပ်စုဟာ တီမောလက်စတေးနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံတမန်ကို နှင်ထုတ်လိုက် တယ်လို့ ဖေဖော်ဝါရီလ ၁၅ ရက်မှာ ကြေညာလိုက်ပါတယ်။
ဒါဟာ တီမောလက်စတေးအစိုးရက မြန်မာစစ်တပ်အပေါ် စစ်ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုဖို့ လုပ် ဆောင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ ဖြစ်ပွားခဲ့တာပါ။
မြန်မာစစ်တပ်ဟာ ဆယ်စုနှစ်ပေါင်းများစွာကတည်းက တိုင်းရင်းသားလူနည်းစုတွေအပေါ် လူ့အ ခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။ အခုလက်ရှိမှာလည်း ရိုဟင်ဂျာမွတ်စလင် တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ အရေး ယူခံထားရဆဲ ဖြစ်ပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း (CHRO) ကနေ မြန်မာစစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တီမောလက်စတေးနိုင်ငံမှာ အမှုဖွင့် တရားစွဲဆိုထား ပါတယ်။
CHRO ရဲ့ အဆိုအရ တီမောလက်စတေးအစိုးရဟာ ဒီအမှုကို စုံစမ်းစစ်ဆေးဖို့အတွက် အဆင့်မြင့် အစိုးရရှေ့နေတစ်ဦးကိုတောင် ခန့်အပ်ထားပြီးပြီလို့ ဆိုပါတယ်။
ဒီလို စုံစမ်းစစ်ဆေးဖို့ လုပ်ဆောင်တာဟာ အလွန်စိတ်ပျက်ဖို့ကောင်းတယ်လို့ မြန်မာစစ်အုပ်စုက တုံ့ပြန်လိုက်ပြီး တီမောသံရုံး ယာယီတာဝန်ခံကို ပြီးခဲ့တဲ့ သောကြာနေ့က ခေါ်ယူတွေ့ဆုံကာ တစ်ပတ်အ တွင်း မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ အမိန့်ပေးခဲ့တာပါ။
CHRO ရဲ့ တရားစွဲဆိုချက်ထဲမှာ အုပ်စုလိုက် မုဒိမ်းကျင့်မှု၊ လူ ၁၀ ဦးကို အစုလိုက်အပြုံလိုက် သတ် ဖြတ်မှု၊ ဘာသာရေးခေါင်းဆောင်တွေကို သတ်ဖြတ်မှုနဲ့ ဆေးရုံတစ်ခုကို လေကြောင်းကနေ ဗုံးကြဲမှု စတဲ့ ငြင်းမရတဲ့ သက်သေအထောက်အထားတွေ ပါဝင်တယ်လို့ သိရပါတယ်။
ဒီအမှုကို ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ခွင့်မူဝါဒအရ တီမောလက်စတေးနိုင်ငံရဲ့ ပြည်တွင်းတရား ရုံးမှာ တရားစွဲဆိုခွင့် လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
ဒီတင်းမာမှုဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလကမှ အာဆီယံရဲ့ ၁၁ ခုမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ် လာခဲ့တဲ့ တီမောလက်စတေးနဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေးကို ပိုပြီး ဆိုးရွားသွားစေပါတယ်။
မြန်မာစစ် အုပ်စုက တီမောလက်စတေးဟာ အာဆီယံရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့နဲ့ ပြည်တွင်းရေးကို ဝင် မစွက်ဖက်ဖို့ဆိုတဲ့ မူဝါဒကို ချိုးဖောက်နေတယ်လို့ စွပ်စွဲထားပါတယ်။
၂၀၂၃ ခုနှစ် သြဂုတ်လတုန်းက တီမောလက်စတေးအစိုးရဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တွေ့ဆုံခဲ့တာကြောင့် တီမောလက်စတေးသံတမန်ကို မြန်မာစစ်အုပ်စုက တစ်ကြိမ် နှင်ထုတ်ခဲ့ ဖူးပါသေးတယ်။
ကိုးကား – AFP
Ref; Myanmar expels Timor-Leste’s representative over war crimes case