ရေးမြို့ ခရိုင်စစ်ကောင်စီစုပေါင်းရုံးအသစ်ဖွင့်ပွဲပြီး တစ်ပတ်အကြာ ဗုံးခွဲခံရ၊ ဗုံးကွဲပြီးနောက် စစ်ကောင်စီရေးခရိုင်မှူး စကခ ၁၉ ထဲကိုပုန်းရှောင်သွား

နိုင်း/ဧရာဝတီတိုင်းမ်

(ရေး)၊ စက်တင်ဘာ ၉ ရက်

မွန်ပြည်နယ်၊ရေးမြို့နယ် ခရိုင်စစ်ကောင်စီစုပေါင်းရုံးတွင် စက်တင်ဘာလ ၈ ရက် ယမန်နေ့ ည ၇ နာရီ ဝန်း ကျင်တွင် ရေးမြို့နယ်ကာကွယ်ရေးအထူးတပ်ဖွဲ့ Ye Special Tasks Forces က ဗုံးခွဲ တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

ရေးမြို့ ရွာကလေးကျောင်းအနီးရှိ အဆိုပါစစ်ကောင်စီ ၏ခရိုင်စုပေါင်းရုံးအား ၆၀မမအသီး တပ်ဆင်ထားသော မိုင်း ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ရုံခန်းထိခိုက်ပျက် စီးမှုအချို့ရှိခဲ့ကြောင်း YSTF တာဝန် ရှိသူကပြောသည်။

” ခုတိုက်ခိုက်မှုက သတိပေးတဲ့သဘောပေါ့၊ လူမထိအောင်ရှောင်လုပ်ထားတာ၊ နောက်ဆိုရင်တော့ အာမမခံတော့ဘူး ရုံးဝန်ထမ်းတွေကို၊ ဗုံးကနှစ်လုံးခွဲတာ၊ နောက်တစ်လုံးက ခွဲတဲ့အချိန် ရီမုဒ်(remote control) ကအလုပ်မလုပ်လို့ ကွဲမသွားဘူး၊ ကွဲသွားတဲ့ ၁ လုံးက ရုံးအဆောက်အဦ ထိခိုက်တာတွေရှိ တယ် ” ဟု YSTF မှ တာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီက ရေးမြို့အားခရိုင်အဆင့်တိုးချဲ့ဖွဲ့စည်းပြီးနောက် အဆိုပါ ရေးခရိုင်စစ်ကောင်စီ စုပေါင်း ရုံးအား စက်တင်ဘာလ ၁ ရက်နေ့က အသစ်ဖွင့်လှစ်ခဲ့ပြီး စစ်ကောင်စီ ရေးခရိုင်မှူးနှင့် ဌာနဆိုင်ရာခရိုင် မှူးများ တက်ရောက်ဖွင့်လှစ်ကာရုံးထိုင်နေသည့်စုပေါင်းရုံးဖြစ်ကြောင်းသိရသည်။

တိုက်ခိုက်မှုပြီးသည့်နောက် အဆိုပါရုံးတွင် ရုံးထိုင်သည့် စစ်ကောင်စီခန့် ရေးခရိုင်အုပ်ချုပ်ရေးမှူး ဉီးစန်းမင်းသည် ရေးမြို့အခြေစိုက်သည့် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၉)အတွင်း သို့သွားရောက် ပုန်း ရှောင်နေခဲ့ကြောင်း အဆိုပါစစ်ကောင်စီတပ်မနှင့် နီးစပ်သည့်ဒေသခံတဦးကပြောသည်။

ရေးမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ရဲစခန်း၊ လ၀ကရုံး၊ စစ်ကောင်စီစစ်ဆေးရေးဂိတ်များ နှင့် စစ်အုပ် စုထောက်တိုင်သတင်းပေးဒလန်ပျူစောထီးများ မကြာ ခဏ ဝင်ရောက်ပစ်ခတ်ခံရမှုများရှိနေသဖြင့် ရေးမြို့ နယ်အတွင်းကို ည ၈ နာရီမှ မနက် ၄ နာရီအတွင်း ညမထွက်ရ ဒေသန္တရအမိန့်ထုတ်ပြန်ပြီး စစ်ကောင်စီက

လုံခြုံရေးတင်းကြပ်ထားကြောင်းသိရသည်။

#ရေး #ခရိုင်ရုံး #ဗုံးခွဲခံရ #YSTF #Ayeyarwaddy_Times