
မိုးဗြဲသို့ အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၀ ဦးထက််မနည်း သေဆုံး
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၉ ရက်
ယမန်နေ့ စက်တင်ဘာလ ၈ ရက် မနက်ပိုင်းတွင် ဝှါရီဆူးပလိုင်ရွာမှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့၊ မိုးဗြဲသို့ အင်အား (၁၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်သားများကို မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ KNDF၊ KA၊ URF၊ နေပြည်တော် PDF၊ KGZ တို့မှ မနက် ၈နာရီ ၄၅ မိနစ်အချိန်တွင် စတင်ဖြတ်တောက်တိုက်ခိုက်ခဲ့ကြောင်း မိုးဗြဲ PDF က
သတင်းထုတ်ပြန်ထားသည်။
တိုက်ပွဲမှာ မနက် ၈ နာရီ ၄၅ မိနစ် မှ ညနေ ၆ နာရီအထိ တစ်နေကုန်ကြာမြင့်ခဲ့ပြီး ပူးပေါင်းမဟာမိတ်အဖွဲ့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၁၀ ဦးထက်မနည်း သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး အနည်းဆုံး ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သော်လည်း ပူးပေါင်းမဟာမိတ်အဖွဲ့မှ အသေးစားဒဏ်ရာ ၃ ဦးရရှိပြီး စနစ်တကျ ကုသပေးခဲ့ကြောင်း သိရသည်။
တိုက်ပွဲတွင်းမှ MA1 – ၂ လက်၊ MA2 – ၃ လက်၊ MA3 – ၄ လက်၊ ငါးကြင်းမှီး – ၁ လက်၊ ကျည်ဘောက် ၂၃ ဘောက်၊ 79 အသီး ၁၂ လုံး၊ လက်ပစ်ဗုံး ၅ လုံး၊ နင်းမိုင်း ၂ လုံး၊ ၆၀မမ ၃၃ လုံး၊ RPGအသီး ၁၀ လုံး၊ ငါးကြင်းမှီးကျည် ၃၂၆ ထောင့်၊ M16 ကျည် 2080 ထောင့်၊ ဖုန်း ၄ လုံး၊ Keypetဖုန်း ၁ လုံး၊ Taplet ၁ လုံး၊ ပိုက်ဆံ ၆၇၀၀၀ ကျပ် ကိုသိမ်းဆည်းရမိနိုင်ခဲ့ကြောင်း
သိရသည်။
ယနေ့တွင်လည်း ပူးပေါင်းမဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှုများ ဆက်လက်ပြင်းထန်နေပါသောကြောင့် မိဘပြည်သူများအနေဖြင့် အသွားအလာမလုပ်ကြဖို့ ထပ်မံအသိသတိပေးထုတ်ပြန်ထားသည်။
ဓာတ်ပုံ – MBPDF
#Ayeyarwaddy_Times