ရည်ရွယ်ချက်ရှိရှိလူ့အခွင့်အရေးချိုးဖောက်နေသည့် စစ်ကောင်စီတပ် ရခိုင်ပြည်မှ အ​မြန်ဆုံးထွက်ခွာပေးဖို့ ဂျပန်ရောက်ရခိုင်ပြည်သားများ ဆန္ဒပြ

ဧရာဝတီတိုင်းမ်

(ဂျပန်)၊စက်တင်ဘာလ ၉ ရက်

ရခိုင်ပြည်နယ်အတွင်း ရည်ရွယ်ချက်ရှိရှိကျေးရွာများကိုမီးရှို့ဖျက်ဆီးခြင်း ၊ အပြစ်မဲ့ က‌လေးသူငယ်များနှင့် ပြည်သူများအပေါ် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခြင်း စသည့် လူ့အခွင့်အရေးချိုး‌ဖောက်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီတပ်အား ရခိုင်မြေပေါ်မှ အပြီးထွက်ခွာပေးရန် Arakan National Democratic Party -Japan (ANDP-Japan)မှ ဦးဆောင်ပြီး

ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း၊OKOJကရင်အဖွဲ့အစည်း၊ပုညကာရီမွန်အဖွဲ့အစည်း၊Revolution Tokyo Myanmar-ATM အစရှိသည့် တော်လှန်ရေးအင်အားစုများ ပူးပေါင်းပါဝင်လျက် လူအင်အား(၂၀၀)ခန့်ဖြင့် ယမန်နေ့ စက်တင်ဘာလ ၈ရက်နေ့ ၊ ဂျပန်နိုင်ငံစံတော်ချိန် မွန်းလွဲ ၃နာရီမှ ၄နာရီခွဲ အချိန်ထိ တစ်နာရီခွဲကြာ Shinagawa မြန်မာသံရုံးရှေ့တွင်

ရှုံ့ချဆန္ဒထုတ်ဖော်ပွဲကို ကျင်းပခဲ့​ကြပါတယ်။

ဓာတ်ပုံ – ANDP-Japan

#Ayeyarwaddy_Times