ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၅ ရက်
ယူကရိန်း စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်တဲ့ ရုရှားနိုင်ငံကို ယူကရိန်း သမ္မတ ဇီလန်စကီးက ရှုတ်ချလိုက်ပါတယ်။
ရုရှားရဲ့ သန်းခေါင်ယံ တိုက်ခိုက်မှုအပြီး ဇီလန်စကီးဟာ အင်္ဂါနေ့က ကိယက်ဗ်မြို့တော်မှာ နေ တိုးအဖွဲ့ အတွင်းရေးမှူးချုပ် မတ်ခ်ရုတေးနဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
ရုရှားရဲ့ ဒုံးကျည်အစင်း ၇၀ နဲ့ ဒရုန်း ၄၅၀ ခန့်ဟာ ကိယက်ဗ်မြို့နဲ့ အရှေ့ပိုင်းရှိ Dnipro မြို့ရှိ စွမ်း အင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းအစိုးရက ပြောပါတယ်။
ရုရှားဟာ စစ်ပွဲကို အရှိန်မြှင့်နေတယ်လို့ ဇီလန်စကီးက ပြောကြားခဲ့ပြီး ယူကရိန်း၊ ရုရှားနဲ့ အမေ ရိကန်မှ အကြီးတန်း တာဝန်ရှိသူတွေ တွေ့ဆုံဖို့ စီစဉ်ထားချိန်မှာ တိုက်ခိုက်မှုကို လုပ်ဆောင်တာလို့ စွပ်စွဲ လိုက်ပါတယ်။
ပက်ထရီးယော့ ဒုံးခွင်းစနစ်တွေ ပိုမို ထောက်ပံ့ဖို့ ၎င်းက တောင်းဆိုခဲ့ပြီး သဘောတူညီချက် တစ်ရပ် ရရှိရေးနဲ့ပတ်သက်လို့ ရုရှားက အလေးအနက်ထား မထား မသိဘူးလို့ မတ်ခ်ရုတေးက ပြောပါ တယ်။
တိုက်ခိုက်မှုတွေ တစ်ပတ်ကြာ ရပ်ဆိုင်းဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ပုဂ္ဂိုလ်ရေးအရ တောင်းဆိုခဲ့ပြီး ၎င်းကလည်း သဘောတူခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ ကြာ သပတေးနေ့မှာ ပြောကြားခဲ့ပြီးနောက် ရုရှားရဲ့တိုက်ခိုက်မှု ဖြစ်လာခဲ့တာပါ။
ယူကရိန်းနဲ့ ရုရှားပိုင်နက်အတွင်း အရပ်ဘက် အဆောက်အအုံတွေအပေါ် အကြမ်းဖက်တိုက် ခိုက်မှုတွေကို လက်တုံ့ပြန်မှုအဖြစ် ဒုံးကျည်နဲ့ဒရုန်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာလို့ ရုရှား ကာ ကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ယူကရိန်း စစ်ဘက်လုပ်ငန်းတွေ၊ ဒရုန်းတွေထားရှိရာ စွမ်းအင်အဆောက်အအုံတွေကို တိကျ သော လက်နက်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရုရှားက ပြောပါတယ်။
ကိုးကား – NHK
Ref; Zelenskyy denounces Russia’s attack on Ukraine’s energy infrastructu