ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၀ ရက်

နျူကလီးယားအစီအစဉ် နဲ့ပတ်သက်လို့ စေ့စပ်ညှိနှိုင်းဖို့ အမေရိကန်နိုင်ငံက အီရန်နိုင်ငံကို တောင်းဆိုထားစဉ် နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောတစ်စင်း အပါအဝင် အမေရိကန် စစ်သင်္ဘော (၁၀) စင်းကို အီရန်သို့ စေလွှတ်လိုက်တယ်လို့ သိရပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရဟာ အီရန်နိုင်ငံမှာ လူအေသအပျောက်ရှိတဲ့ ဆန္ဒပြပွဲ တွေ ဖြစ်ပွားပြီးနောက် လေယာဉ်တင်သင်္ဘော USS Abraham Lincoln ဉီးဆောင်တဲ့ ရေယာဉ်စုကို အီ ရန်သို့ စေလွှတ်ခဲ့ပါတယ်။

ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော (၆) စင်းအပါအဝင် စစ်သင်္ဘော (၁၀) စင်းကို အရှေ့အလယ် ပိုင်းပါဝင်တဲ့ အမေရိကန် ဗဟိုစစ်ဌာနချုပ်ဧရိယာသို့ စေလွှတ်ခဲ့တာလို့ သိရပါတယ်။

အမေရိကန်စစ်သင်္ဘောအုပ်စုရဲ့ အရွယ်အစားဟာ ဒီလအစောပိုင်းက ဗင်နီဇွဲလားနိုင်ငံမှာ အမေရိ ကန်က စစ်ဆင်ရေးလုပ်ဆောင်ရာမှာ ကာရစ်ဘီယံရေပိုင်နက်သို့ စေလွှတ်ခဲ့တဲ့ စစ်သင်္ဘောအရေအ တွက်နဲ့ တူညီပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အီရန်နိုင်ငံနဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့ခြင်း ရှိ မရှိ သတင်းထောက်တွေက ဒေါ်နယ်ထရမ့်ကို မေးမြန်းခဲ့ပါတယ်။

အီရန်နိုင်ငံနဲ့ ဆွေးနွေးခဲ့တာမရှိသလို စကားပြောဆိုဖို့ အစီအစဉ်လဲ မရှိကြောင်း၊ အလွန် အင် အားတောင့်တင်းသော စစ်သင်္ဘောတွေ အီရန်သို့ ဉီးတည်နေပြီဖြစ်ပေမယ့် စစ်သင်္ဘော အသုံးမပြုရရင် ပိုကောင်းမယ်လို့ ၎င်းက ဖြေကြားခဲ့ပါတယ်။

နံပါတ် (၁) အနေနဲ့ နျူကလီးယားအစီအစဉ် ဆွေးနွေးဖို့ဖြစ်ပြီး နံပါတ် (၂) အနေနဲ့ ဆန္ဒပြသူတွေ ကို သတ်ဖြတ်တာ ရပ်တန့်ရမယ်ဆိုတာ အီရန်နိုင်ငံကို ပြောကြားခဲ့ပြီး အီရန်နိုင်ငံက တစ်စုံတစ်ရာကို လုပ်ဆောင်ရမယ်လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။

ကိုးကား – NHK
Ref; US deploys warships to Middle East as Trump demands nuclear deal with Iran