ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၀ ရက်

မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်း အာဆီယံအနေနဲ့ မြန်မာ့အရေးကို ချဉ်းကပ်ဆောင်ရွက်ပုံ ပြန်လည်ချိန်ညှိဖို့ ထိုင်းနိုင်ငံက တိုက်တွန်းလိုက်ပြီး အကယ်၍ အခြေအနေနဲ့အညီ လိုက်လျောညီထွေ ပြောင်းလဲနိုင်ခြင်းမရှိရင် အာဆီယံအဖွဲ့ရဲ့ အခန်းကဏ္ဍမှာ အရေးပါမှု လျော့နည်းသွား နိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

ကြာသပတေးနေ့က ဖိလစ်ပိုင်နိုင်ငံမှာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအ ဝေးမှာ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်က အခုလို တောင်းဆိုခဲ့တာပါ။

ထိုင်းဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တိုင်းပြည်တစ်ခု ဖြစ်တာကြောင့် တာရှည်နေ ပြီဖြစ်တဲ့ မတည်ငြိမ်မှုကို တိုက်ရိုက် သက်ရောက်ခံရတယ်လို့ ၎င်းက ပြောပါတယ်။

အာဆီယံအဖွဲ့ရဲ့ ဘုံသဘောတူညီချက် (၅) ရပ် ချမှတ်ခဲ့လင့်ကစား အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်ဖြစ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံက အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပခဲ့တာကြောင့် အာဆီယံအဖွဲ့က သူ့ရဲ့ အ ခန်းကဏ္ဍကို ပြန်သုံးသပ်ရမယ်လို့ ဆီဟာဆတ်က ထောက်ပြပါတယ်။

“အာဆီယံအဖွဲ့က ရွေးကောက်ပွဲကို အပြည့်အဝ ထောက်ခံတာ သို့မဟုတ် လုံးဝ ပယ်ချတာမျိုး မ လုပ်သင့်ပါဘူး။ ရွေးကောက်ပွဲဟာ သမ္မတဟောင်း ဉီးသိန်းစိန်လက်ထက် ပြုပြင်ပြောင်းလဲရေးလိုမျိုး နိုင် ငံရေး ဆွေးနွေးမှုတွေ ပြုလုပ်မယ့် အလှည့်အပြောင်းတစ်ခု ဖြစ်လာသင့်ပါတယ်” လို့ သူက ပြောပါတယ်။

မြန်မာအနေဖြင့် အကြမ်းဖက်မှုတွေ လျှော့ချခြင်း၊ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ခြင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်ခြင်းလိုမျိုး လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်များ ပြသလာပါက အာဆီယံအနေနဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြန်လည်စတင်မယ့် “လမ်း နှစ်သွယ် (two-way street)” မဟာဗျူဟာကို ကျင့်သုံးဖို့ ထိုင်းနိုင်ငံက အဆိုပြုလိုက်ပါတယ်။

အားလုံးပါဝင်သော ဆွေးနွေးမှုပြုလုပ်ဖို့ အရေးကြီးကြောင်း ဆီဟာဆတ်က ပြောပြီး အာဆီယံအ ဖွဲ့ကို လူသားချင်းစာနာမှု အကူအညီပေးခွင့်ပြုဖို့၊ ယုံကြည်မှုတည်ဆောက်ရေး အစီအမံတွေအဖြစ် တိုင်း ရင်းသားအဖွဲ့အချို့နဲ့ ဆွေးနွေးမှုတွေ စတင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

အာဆီယံအဖွဲ့က ထိုသို့လုပ်ဆောင်ဖို့ ပျက်ကွက်ပါက တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ အမေရိကန် အပါအ ဝင် ပြည်ပအင်အားကြီးတိုင်းပြည်တွေက ကွက်လပ်ကို ဖြည့်မှာဖြစ်လို့ အာဆီယံအဖွဲ့ရဲ့ ရေရှည် တည်ငြိမ် မှုနဲ့ ဗဟိုကျမှုကို ထိခိုက်စေမယ်လို့ ၎င်းက ဆိုပါတယ်။

ကိုးကား – Bangkok Post
Ref: Bloc ‘must adapt plan’ on Myanmar