ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၀ ရက်

အာဆီယံအဖွဲ့ဟာ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးအကြိမ်ပြုလုပ်တဲ့ မြန်မာရွေး ကောက်ပွဲကို အသိအမှတ်မပြုဘူးလို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဆာလာဇာရိုက ကြာသပတေး နေ့မှာ ပြောကြားခဲ့ပါတယ်။

အာဆီယံအဖွဲ့ရဲ့ မြန်မာစစ်တပ် ကျောထောက်နောက်ခံပါတီ အနိုင်ရရှိခဲ့တဲ့ ရွေးကောက်ပွဲကို အ သိအမှတ်မပြုမှုဟာ နိုင်ငံတကာ တရားဝင်မှုရဖို့ စစ်တပ်အုပ်ချုပ်သူတွေရဲ့ ကြိုးပမ်းမှုအတွက် အဓိက ထိုး နှက်ချက်တစ်ခု ဖြစ်ပါတယ်။

စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီးနောက်ပိုင်း အာဆီယံအ ဖွဲ့ဟာ မြန်မာစစ်အစိုးရကို အသိအမှတ်ပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ အာဆီယံအဖွဲ့က မြန်မာရွေးကောက်ပွဲကို အသိအမှတ် ပြု မပြု မေးမြန်း ခဲ့ရာ “အာဆီယံအဖွဲ့က မြန်မာရွေးကောက်ပွဲကို အသိအမှတ်မပြုပါဘူး။ အာဆီယံအဖွဲ့က အပိုင်း (၃) ပိုင်း ပါ မြန်မာရွေးကောက်ပွဲကို မထောက်ခံပါဘူး” လို့ ထရီဆာလာဇာရိုက ဖြေကြားခဲ့ပါတယ်။

အာဆီယံအဖွဲ့ရဲ့ ရပ်တည်ချက် ဘယ်လို ပြောင်းလဲနိုင်တယ်ဆိုတာကိုတော့ ၎င်းက အသေးစိတ် မရှင်းပြခဲ့ပါဘူး။

မြန်မာ့အရေးကို အဓိက ဆွေးနွေးခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တော်မှာကျင်းပတဲ့ အာဆီယံ နိုင်ငံ ခြားရေးဝန်ကြီးများ အစည်းအဝေးမှာ သူက အခုလို ပြောကြားခဲ့တာပါ။

စစ်အုပ်စုရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိခဲ့ပေမယ့် အာဏာလုယူထားတဲ့ စစ် တပ်အုပ်ချုပ်မှုကို တရားဝင်မှုရရှိစေဖို့ ကြိုးပမ်းမှုသာဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ အာဆီယံ အလှည့်ကျဥက္ကဌတာဝန်ကို ဆိုင်း ငံ့ခဲ့ရာ ဖိလစ်ပိုင်နိုင်ငံက မြန်မာနိုင်ငံရဲ့ အလှည့်ဖြစ်တဲ့ ယခုနှစ် အာဆီယံဥက္ကဌတာဝန်ကို ယူထားရတာ ဖြစ်ပါတယ်။

ကိုးကား – AFP
Ref; ASEAN does not recognise Myanmar’s elections, which military-backed party claims to have won